~2~

17.3K 1.4K 98
                                    

ရိပေါ် မစောင့်မည်ကို စိုးရိမ်သဖြင့် ရှောင်းကျန့်သည် ဆံပင်သ,ရန်ပင် အချိန်မရခဲ့ပဲ ရေမိုးချိုး၊ အဝတ်လဲပြီးသည်နှင့် လွယ်အိတ်ကို ကောက်လွယ်ကာ တိုက်အောက်သို့ အလျင်အမြန် အပြေးလာခဲ့သည်။မြေညီထပ်သို့ ရောက်သည်နှင့် တိုက်ရှေ့တွင် သူ့ကိုစောင့်နေသော Angry Bird လေး၏ ကျောပြင်ကို တွေ့လိုက်ရသည်။

ဟုတ်တယ်...Angry Bird။

စကားကို ခပ်ပြတ်ပြတ်နဲ့ လိုတာထက်ပိုမပြောတတ်တဲ့ မျက်ခုံးတန်းတန်းနဲ့ ရုပ်တည်တည်ကြီးနေတတ်တဲ့ အဲ့ဒီ့အချေကောင်လေးကို ရှောင်းကျန့် Angry Bird လို့ တိတ်တိတ်လေး နာမည်ပေးထားတယ်။

သူ့ရှေ့တော့ ပေါ်တင် ဘယ်ခေါ်ရဲမလဲ...?

အဲ့ကောင်လေးက အကြောင်းမရှိ၊အကြောင်းရှာပြီး
ရှောင်းကျန့်ကို အမြဲတမ်း ရိုက်ချင်နှက်ချင်နေတာ။

သူ့ကို စ,လည်းရိုက်၊နောက်လည်းရိုက်၊ဘာပြောပြော ရိုက်နေတော့တာပဲ။ကိုယ့်ဘာကိုယ် ဒီတိုင်းအသက်ရှူနေတာတောင် လာရိုက်နေတဲ့ သူမျိုး!

အဲ့တော့လည်း မထူးဘူးလေ။အလကားနေရင်း ဒီတိုင်း အရိုက်ခံရမယ့်အစား သူ့ကို စ, ပြီးမှ အရိုက်ခံရတာ ပိုတန်တယ်လေ။အဲ့ကလေး ဒေါသထွက်ရင် တအားချစ်ဖို့ကောင်းတာ...။

*အခုလည်း ငါ့ကြောင့် ကျောင်းနောက်ကျတော့မှာမို့ အဲ့အချေကောင်လေး စိတ်ပေါက်နေမှာ အသေအချာပဲ!*

အတွေးမဆုံးမီပင် ရှောင်းကျန့်သည် ခြေလှမ်းကို အသာဖွဖွနင်းပြီး ရိပေါ်နားကို ချဉ်းကပ်သွားသည်။အနီးရောက်မှ...ရိပေါ်ခါးလေးကို နောက်မှ အသာဖက်လိုက်ပြီး...

"ဝါးးးးးး! လန့်သွားတယ်မလ...."

ရိပေါ် တကယ်လန့်သွားပြီး သူ့ကို မီရာ လှမ်းရိုက်လိုက်သဖြင့် ရှောင်းကျန့်ခမျာ စကားပင် မဆုံးလိုက်...ညာဘက်ပုခုံး နောက်ကျောသည် အီစိမ့်သွားသည်။

"အာ့! ရိုက်ပြန်ပြီ! နာလိုက်တာ...ဗြဲ! သူများကို သူ့အားကြီးနဲ့ အနိုင်ကျင့်နေပါတယ်လို့။"

"အပိုတွေ လုပ်ပြမနေနဲ့! ဘယ်လောက်မှတောင် အားမထည့်လိုက်ရဘူး"

ဝေး  (WYB x XZ Fanfic♡)Wo Geschichten leben. Entdecke jetzt