~ဝေး~ (Final Part2)

10.6K 1K 127
                                    

ညစာစားပြီးပြီးချင်း ကျွန်တော့်ကလေးဟာ တစ်ခုခုကို မစောင့်နိုင်သလို ပါးနဲ့မားကို ကမန်းကတန်း နှုတ်ဆက်ပြီး ချက်ချင်း အလျင်အမြန် ပြေးထွက်သွားလေတယ်..

ကျွန်တော်လည်း ပါးနဲ့မားကို ကလေးအိမ်မှာ ဒီညအိပ်မယ် ပြောပြီး ကလေးနောက်ကို ချက်ချင်း လိုက်ထွက်ခဲ့မိတယ်..

လမ်းပေါ်ကို ပြေးထွက်လာရင်း ကလေးရဲ့ တသိမ့်သိမ့်တုန်နေတဲ့ နောက်ကျောလေးကို အရင် တွေ့ရတယ်..

ကလေး ငိုနေတာလား..
ဟုတ်မှာပေါ့..

ကျွန်တော် ကလေးကို နောက်ကနေ ပြေးဖက်လိုက်မိတယ်..

တင်းကျပ်စွာ..
အချစ်တွေနဲ့..

ကျွန်တော့် လက်တွေနဲ့ သူ့ကိုယ်လေးကို မလွှတ်တမ်းဖက်ထားသလို မမြင်ရတဲ့ အချစ်ကြိုးတွေနဲ့လည်း ကလေးရဲ့ နှလုံးသားကို စည်းနှောင်ထားလိုက်တယ်..

ထွက်မပြေးလိုက်ပါနဲ့..

ဘာလို့လဲ..
အရူးလေးရေ..
ဘာလို့ အဲ့လိုတွေ လျှောက်ပြောရတာလဲ..

တစ်ချက်မှ မတွေဝေပဲ ပါးတို့ရှေ့မှာ အသိသက်သေအဖြစ်တောင် လက်မှတ်ထိုးပေးမယ်လို့ ကလေးပါးစပ်က ပြောတာကို ကြားလိုက်ရတော့ ကျွန်တော့် လည်ချောင်းဝရောက်နေတဲ့ စကားတွေဟာ လေထိုးပိုက်နဲ့ ဖိချသလို အလုံးလိုက် တိမ်ဝင်သွားရတယ်..

ဘာဖြစ်လို့များ..
အဲ့လိုစကားကို ပြောထွက်ရက်တာလဲ..
ကျွန်တော့် ခံစားချက်ကိုရော..
သဘောထားကိုရော..
နည်းနည်းလေးတောင်မှ မမေးပဲ..

ကျစ်!

ကျွန်တော် ကလေးကို ငယ်ငယ်ကတည်းက အရိပ်တကြည့်ကြည့်နဲ့ ကြည့်နေခဲ့တာမို့ သူ့ကို ကောင်းကောင်း နားလည်ပြီထင်ခဲ့တာ..
ချစ်သူတွေ ဖြစ်ပြီမို့ ရင်ဘတ်ချင်း နီးပြီထင်ခဲ့တာ..
ကျွန်တော်တို့ သဘောထားတွေ..
ခံစားချက်တွေ..
ယုံကြည်မှုတွေ..
ထပ်တူကျနေပြီ ထင်ခဲ့တာ..

ကျွန်တော် ကလေးနဲ့ ပက်သက်ပြီး မသိတာတွေ တကယ် အများကြီး ကျန်နေသေးတာပဲ..

တသိမ့်သိမ့်တုန်နေတဲ့ သူ့ကိုယ်လေးကို နောက်ကနေ ဖက်ထားရင်းက ကျွန်တော့် ဘက်ဆွဲလှည့်လိုက်တယ်..

ဝေး  (WYB x XZ Fanfic♡)Donde viven las historias. Descúbrelo ahora