~10~ (Closer🍭)

12K 1.2K 281
                                    

ကျွန်တော် နိုးနိုးချင်း ကောကို မတွေ့ရတာကြောင့် အိမ်ထဲ လိုက်ရှာနေရင်းက ရေသောက်ဖို့ ထမင်းစားခန်းထဲ ဝင်လာခဲ့တယ်။

တွေ့လိုက်ရပါပြီ...Apron အဝါလေးနဲ့ ကျွန်တော့်ရဲ့ အိမ်ရှင်မလေး...

အိပ်ယာခေါင်းနဲ့ ရှုပ်ထွေးပွေလီနေတဲ့ အဲ့ဆံပင်အုပ်အုပ်လေးက ကောကို ရှိရင်းစွဲထက် ပိုပြီး နုနယ် ပျိုမျစ်စေတယ်။

နဂိုကတည်းက အချက်အပြုတ်ဝါသနာပါလို့ထင်တယ်...

တကယ်ကို မနက်စာ အတွက် ကြိုးစားပြင်ဆင်နေတာပဲ...

ဒါပေမယ့် အရင်ဆို မနက်တိုင်းတော့ ကျွန်တော်ပဲ ဒီ အိပ်ပုတ်လေးကို နှိုးပေးရတာ မဟုတ်လား...

ဒီနေ့ကျမှ ဘာလို့များ...

"နိုးပြီလား ကလေး...လာထိုင်! ကော မနက်စာ ပြင်ပေးထားတယ်! ခဏနေ ရပြီ!"

ရိပေါ်ရဲ့ အတွေးစလေးတို့ ကောရဲ့ တက်ကြွမြူးတူးနေတဲ့အသံလေးကြောင့် အဝေးသို့ လွင့်ပြယ်သွားရတယ်။

"ဟုတ် ကော ကျွန်တော် မျက်နှာသွားသစ်လိုက်ဦးမယ်!"

ရိပေါ် ရေခဲသေတ္တာထဲက ရေအေးအေးတစ်ဘူးကို ယူသောက်ပြီး လှမ်းဖြေတယ်။

အိပ်ယာထစမို့ မျက်အိတ်ဖောင်းဖောင်းလေး၊ မနက်ခင်းမှာ အရင်ကြားရတဲ့ ကောအသံလေး၊ နံနက်ခင်း နေရောင်ခြည်နုနုထက် နွေးထွေးတဲ့ ဒီအပြုံးနုနုလေး...

နောက် နှစ်လမြန်မြန်ကုန်သွားမှာတောင် ကျွန်တော် အရမ်းကြောက်နေမိပြီ...

"အင်း...ကော စောင့်နေမယ်နော်! မြန်မြန်လာခဲ့ ပြီးတော့မယ်! ဒါနဲ့ ကလေး ဒီနေ့ shift ရှိသေးလား? "

"ဟင့်အင်း! ဘာလို့လဲ?"

"ဒါဆို...ဒီနေ့ ကလေး အားလား? ကော ဒီနေ့ ကုန်တိုက် ခဏ သွားမလို့! ဝယ်စရာလေးတွေရှိလို့!"

"အင်း...အားတယ် လိုက်ခဲ့မယ်လေ!"

ကျွန်တော် ပွမ်ပွမ် လန်ချီးရန်ရဲ့ မျက်နှာနဲ့ Noice Board က မနက်ဖြန်အပြီးထပ်ရပါမယ်ဆိုတဲ့ Assignment Deadline ကို မြင်ယောင်ရင်း လှလှပပလေး ညာလိုက်တယ်။

ညာရဲတာပေါ့ ...အဲ့ဒီ့စာတွေက သေရင် ကိုယ့်နောက် မပါဘူး...

ကောနဲ့ တူတူ shopping ထွက်ရမယ့်အရေးကို လက်လွှတ်ခံစရာလား?

ဝေး  (WYB x XZ Fanfic♡)Donde viven las historias. Descúbrelo ahora