~6~ (Their POVs🌨)

12K 1K 207
                                    


..........

စောစောက ကျွန်တော်ပြောဖူးတဲ့ ကျွန်တော့်နှလုံးသားထဲမှာရှိတဲ့ ကောပဲ ပိုင်ဆိုင်တယ်ဆိုတဲ့ နေရာလေးက ကျွန်တော့် တစ်ဘဝလုံးစာ အချစ်တွေ အပ်နှင်းဖို့ သိမ်းထားတဲ့ နေရာလေးဆိုရင်ရော...?"

သူ့ခံစားချက်တွေကို နှစ်ကိုယ်ကြား ကြားရလောက်တဲ့ လေသံအေးအေးလေးနဲ့ စိတ်ကို အတည်ငြိမ်ဆုံးထားပြီး ဖွင့်ဟဝန်ခံနေတဲ့ ရိပေါ်ဟာ စကားအဆုံးမှာ သူ ချစ်ရတဲ့ ကောရဲ့ မျက်နှာကလေးကို ရင်ဆိုင်ကြည့်ဖို့ ခေါင်းကို ဖြည်းဖြည်းချင်း ပြန်မော့လာခဲ့တယ်...။

မြင်လိုက်ရတဲ့ အရာက ရိပေါ် ရင်ဘတ်ထဲကို အချွန်တစ်ခုခုနဲ့ ဆောင့်ထိုးလိုက်သလိုပဲ...။

ဟင်...ကော...အိပ်ပျော်နေတာလား?

မျက်လွှာနှစ်ခုကို ပိတ်ထားတဲ့ ကောရဲ့ မျက်ဝန်းတွေကို ကျွန်တော် ဖတ်ကြည့်လို့မရတော့ ကျွန်တော့်ရင်ဘတ်ထဲမှာ မီးတွေ တစ်စတစ်စ အရှိန်အဟုန် ပြင်းပြင်း တောက်လောင်လာတယ်...။

ဒီနေ့တစ်နေကုန်...တစ်ချိန်လုံး...ကောနဲ့ နှစ်ယောက်တည်း ရှိနေတယ်ဆိုတဲ့အသိ။
ပြီးတော့ မရည်ရွယ်တဲ့ အထိအတွေ့တွေ။ ကျွန်တော် ရူးသွပ်စွဲလန်း မက်မောခဲ့ရတဲ့ အဲ့ဒီ့ နှုတ်ခမ်းလေး။ စောစောက ကျွန်တော့်လက်ကို လာလျက်တဲ့ ကောရဲ့ လျှာနုနုလေး...။

ကျွန်တော့် ခန္ဓာကိုယ်ဟာ ချွေးထုတ်ခန်းထဲ ရောက်နေသလိုပဲ။ရှိန်းတိန်းဖိန်းတိန်း ပူစပ်စပ်ကြီး။
သွေးကြောမျှင်မျှင် တစ်ခုချင်းစီကအစ ခုပဲ ပေါက်ထွက်တော့မယ်လို့ ခံစားနေရတယ်။

ကျွန်တော့်စိတ်ကို ကျွန်တော်တကယ်ပဲ လွှတ်ချလိုက်
ချင်ပြီ။ ကျွန်တော် တကယ်ပဲ သိချင်မိတယ်။

ကော အခု တကယ်ကြီး အိပ်ပျော်နေတာလား? ကျွန်တော့်ကို ဘယ်လို တုံ့ပြန်ရမလဲမသိလို့ မျက်လုံးတွေကို တမင်တကာ မှိတ်ထားတာလား?

ကျွန်တော် တစ်ဖြည်းဖြည်းရှေ့ကိုတိုးပြီး ကောရဲ့ နှုတ်ခမ်းတွေဆီ ချဉ်းကပ်သွားလိုက်တယ်။ တစ်ပေလောက် အကွာကိုရောက်တော့ ဖွင့်ဟလာတဲ့ ကောရဲ့မျက်ဝန်းတစ်စုံ...။ ကျွန်တော် ကောရဲ့ အဲ့ဒီ့ ရီဝေဝေ မျက်ဝန်းတွေကို တကယ် ခွဲခြားပြီး အဓိပ္ပါယ် မကောက်တတ်ဘူး။ခုချိန်မှာ ကျွန်တော့်စိတ်တွေ တကယ်ကို ပူထူနေတယ်။

ဝေး  (WYB x XZ Fanfic♡)Donde viven las historias. Descúbrelo ahora