~9~ (A Sweet Night🌛)

11.9K 1.3K 241
                                    

ရှောင်းကျန့်က တစ်ပတ်ကို တစ်ခါ သန့်ရှင်းရေး
လာလုပ်ဖို့ company ကို အပ်ထားတာမို့
သန့်ရှင်းရေး အထူးတလည် လုပ်စရာမရှိပေမယ့် ရိပေါ် အခန်းကို နည်းနည်းတော့ ဖုန်ခါစရာရှိတာခါ ရှင်းစရာရှိတာရှင်း လုပ်နေလိုက်တယ်။

အခန်းထဲမှာ ပစ္စည်းတွေကလည်း သိပ်များများစားစားတော့ မရှိပါဘူး။ ကော အခန်းထဲမှာ မဆန့်လို့ထားထားတဲ့ အခန်းထောင့်က ဝက်ဝံရုပ်ကြီး နှစ်ရုပ်ရယ်၊ တစ်ယောက်အိပ် ကုတင်ရယ်၊ ပေါလစ် သုတ်ထားလို့ ပြောင်နေတဲ့ ကျွန်းဗီရိုလေး တစ်လုံးရယ်၊ စာကြည့်စားပွဲရယ်...ဒီလောက်ပဲ!

အခန်းထဲ ရှင်းရှင်းလင်းလင်းထားပြီး ပစ္စည်း သိပ်များများစားစား ထားရတာမကြိုက်တဲ့ ရိပေါ်အတွက်တော့ ဒီလောက်ဆို နေဖို့ အေးဆေး ပြည့်စုံ လုံလောက်တယ်။

နာရီဝက်လောက်ကြာတော့ သန့်ရှင်းရေးလည်း လုပ်
ပြီး ပစ္စည်းတွေလည်း နေရာချပြီးချိန်မှာ ကောက အခန်းထဲ ဝင်လာတယ်။

"ကလေး...ကော...ဘာကူပေးရဦးမလဲ?"

မာမား! မေးတတ်လိုက်တာ...အားလုံးပြီးမှ ရောက်လာပြီးတော့...

"ရတယ်...ပြီးနေပြီ!"

"ဒါဆို ကလေး ရေချိုးလိုက်တော့လေ...သန့်ရှင်းရေး လုပ်ထားတာဆိုတော့ ညစ်ပတ်ပြီး ငြီးစိစိဖြစ်နေမှာပဲ...ကော စောစောက အန်တီပေးတဲ့ ဟင်းတွေကို နွေးထားတယ်။ ညနေစာ အတူစားရအောင်လို့!"

ဟုတ်ပါရဲ့...ရိပေါ် ခုမှ ကောကို သေချာကြည့်မိတယ်။

ခါးမှာလည်း ကြောင်ရုပ်ကလေးတွေပါတဲ့ အဝါရောင် Apron လေးကို ပတ်လို့...ဒီတော့ ကောရဲ့ အိမ်နေရင်း စတိုင်အတိုင်း ပေါင်လယ်ထိပဲ ရောက်တဲ့ ဘောင်းဘီတိုလေးက Apron နဲ့ ဖုံးနေပြီး မသိရင် ကောက အောက်မှာ ဘာမှ ဝတ်မထားတဲ့ အတိုင်းပဲ...

ကောဟာ လူကို အဲ့လို မထိတထိနဲ့ တရားမဝင် မြူစွမ်ရောင်းရတာ သိပ်ကြိုက်တယ် ထင်ပါ့...

လူကို တကယ် ဖိုးသိုး ဖတ်သပ်ဖြစ်အောင် သိပ်လုပ်တယ်!!

ရိပေါ် ခြေထောက် သွယ်သွယ်လေးကအစ ဟိုပေါ် ဒီပေါ်လွတ်နေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း အကုန်လုံးကို လိုက်ကြည့်နေမိရင်း ဖြေမိတယ်...

ဝေး  (WYB x XZ Fanfic♡)Tempat cerita menjadi hidup. Temukan sekarang