~12~ (❤ is born)

14.7K 1.2K 286
                                    

A/N~

မဖတ်ခင် တစ်ခုလောက်မေးချင်လို့!

ပေါ်ပေါ်က အရင် ဖွင့်ပြောမယ်ထင်လား?🙄

ကျန့်ကောက အရင်ဖွင့်ပြောမယ်ထင်လား?🙄

ဒါမှမဟုတ် မင်းတို့မမက Count the STARS လို ဆွဲစိပစ်မယ်ထင်လား ??? XD 😝

(ငိငိ!!! CTS ကြောင့် အိမ်လိပ်စာတွေ တောင်းနေကြတာကို မကြောက်မလန့်နဲ့
မေးရဲတယ်ပေါ့ Hanna မ ~😢🤣😁)

စတာ! Now you can read!!! ♡♡

❤❤❤

တစ်ယောက်တည်းရှိသော အခန်းထဲတွင် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်ငြိမ်နေသက်နေသည်မို့ ရင်ခုန်သံဟာ တဒုတ်ဒုတ်နှင့် မိုးခြိမ်းသံအလား ထင်မှတ်ရအောင် ကျယ်နေ၏..

ရိပေါ်သည် လက်ကို အကြိမ်ကြိမ် ဘောင်းဘီဆီသို့ သုတ်ပစ်နေမိသည်..
ချွေးစေးတွေထွက်နေသည် ဖြစ်မည်..

လက်ထဲတွင်လည်း ရှောင်းကျန့် Diary လေးကို ဖွင့်ကာ 'ရိပေါ်ကိုချစ်တယ်' ဟူသော စာသားလေးကိုသာ အကြိမ်ကြိမ်ပြန်ဖတ်ရင်း တစ်ချိန်လုံး အရူးတစ်ယောက်လုံး ပြုံးနေမိသေးသည်...

ဘာလဲ...စိတ်တွေလှုပ်ရှားနေတာလား..
ဝမ်ရိပေါ် မဆန်လိုက်တာ...
ဟိုကောင်တွေနဲ့ ချိန်းပြီး ဆိုင်ကယ်ပြိုင်စီးတုန်းကတောင် တစ်စက်မှ မတုန်လှုပ်ခဲ့တာလေ..
ခုကျမှ...
ကောရေ..ကျွန်တော့်ကို Cool Guy Image ပျက်အောင် သိပ်လုပ်တာပဲ..

Cool Guy Image နဲ့ မလိုက်ဖက်စွာ တုန်ရီနေတဲ့ ကိုယ့်ပုံစံကိုယ် ပြန်သတိထားတော့ ရိပေါ် နားသယ်စက ချွေးကလေးကို တစ်ချက် လက်ခုံနှင့် သုတ်လိုက်ရင်း ပြုံးမိသည်..

သူ့အပြုံးသည် ချစ်ခြင်းတရားတို့ စွက်နေသည်..
သိပ်ကို ချိုမြိန်နူးညံ့တဲ့ cotton candy အိအိလေးကို စားလိုက်ရတဲ့ ကလေးရဲ့ အပြုံးမျိုး...

တစ်နာရီကို ၇၂ကြိမ်ထက် ပိုခုန်ပြီး ပုံမှန်အလုပ်မလုပ်တာကြာပြီဖြစ်တဲ့ နှလုံးသားလေးကို တစ်ချက်ဖိပြီး နာရီကို တစ်ချက်ကြည့်မိသည်...

ဟင်...၈နာရီတောင် ခွဲပါရော့လား..

၆ နာရီခွဲကတည်းက စိတ်လှုပ်ရှားစွာ စောင့်နေခဲ့သည်မှာ ယခုဆို ၈နာရီပင်ခွဲလာခဲ့ပြီ..

ဝေး  (WYB x XZ Fanfic♡)Donde viven las historias. Descúbrelo ahora