Starbucks ၏ ထောင့်ကျကျဝိုင်းတွင် ထိုင်နေသော ကောင်လေးတစ်ယောက်..ဆောင်းဝင်နေပြီမို့ အဖြူရောင် ဆွယ်တာလေးနဲ့ ဝါကျန့်ကျန့် ကုတ်တစ်ထည်ကို ဂျင်းပင်အနက်နဲ့ တွဲဖက် ဝတ်ဆင်ထားတဲ့ ထိုကောင်လေးဟာ နေကြာပွင့်ကလေး အလား မြင်ရသူကို စိတ်ကြည်လင် အေးချမ်းစေတယ်..
Airpod ကလေးကို နားမှာ တပ်ပြီး စာကိုအာရုံစိုက်နေတဲ့ ထိုကောင်လေးဟာ နတ်သားလေးတစ်ပါးကို သိပ်ကိုချောလွန်းနေတာမို့ cashier နားကနေ တစ်ချိန်လုံး ကြည့်ပြီး အလုပ်လုပ်နေတဲ့ ရိပေါ် ရင်ဘတ်ထဲ ပန်းတွေ ပွင့်နေရလေတယ်..
အင်း..ဆူးပန်းလေးတွေပေါ့..
ဆိုင်ကိုလာတဲ့ ဧည့်သည်အားလုံးနီးပါး ကောကို မင်းသားတစ်ယောက်လို အနည်းဆုံးတော့ တစ်ခေါက် သမင်လည်ပြန်ကြည့်သွားတာမို့ ရိပေါ် တကယ်ကို ဘဝင်မကျတော့ဘူး..
ကျွန်တော်ကလွဲပြီး တခြားသူ မမြင်ရအောင် အစွမ်းနဲ့ဖြစ်ဖြစ် ကောကို ဖျောက်ထားလို့ရရင် ကောင်းမယ်..
ဒါမှမဟုတ် ခေါင်းတုံး တုံးပေးလိုက်ရင်ရော..
ဒါလည်း မဟုတ်သေးပါဘူး..
ခေါင်းတုံးနဲ့ဆိုလည်း ငါ့ဘဲက လုံးလုံးလေးနဲ့ တစ်မျိုး ချစ်ဖို့ကောင်းနေဦးမှာရယ်..
အတွေးများနေစဉ် ဆိုင်ထဲကို ကျန်းချန်နဲ့ ဆရာလန်ရှီးချန်တို့ ဝင်လာလေရဲ့..
"ကောတို့..ဘာသောက်မှာလဲ?"
"ကလေး..ဘာသောက်မလဲ? ပုံမှန်အတိုင်း Ice Latte ပဲလား?"
လက်ကို ကိုင်ထားရာမှ ကျန်းချန်ရဲ့ ပခုံးကိုဖက်ကာ ကိုယ်ကိုပိုနီးကပ်စေပြီး သူ့ကလေးရဲ့ ဘေးတိုက်မျက်နှာကလေးကို ကြည့်ကာ ရှီးချန်ကမေးလာတယ်..
"ကိုကို! မပိုစမ်းနဲ့! လက်ကြီးကိုလွှတ်!"
"ဘာလို့လဲ? ကလေး ရှက်လို့လား?"
"လူတွေရှိတယ်လေ.."
"အဲ့ဒါ ဘာဖြစ်လို့လဲ? ပခုံးလေးပဲ ဖက်တာကို နမ်းနေတာမှ မဟုတ်တာ.."
"ကိုကို!!!"
"ပြောလေ! အချစ်ကလေး!!!"
"ကောတို့! ဒါဆို Ice Latte တစ်ခွက်ပဲလား? ကျန်တာ ဘာယူဦးမလဲ?"
ESTÁS LEYENDO
ဝေး (WYB x XZ Fanfic♡)
Fanficကျွန်တော့်ဘက်ကသာ သူ့ကို အရူးတစ်ယောက်လို တိတ်တိတ်လေး ချစ်နေခဲ့ရတာ...။သူ့ကိုမြင်တိုင်း ကျွန်တော့် ခံစားချက်ကို ဖွင့်ပြောချင်မိတာ...၊ကျွန်တော်ပိုင်ဆိုင်တဲ့သူပဲ ဖြစ်စေချင်မိတာ နေ့တိုင်း...အတွေးပေါင်းများစွာနဲ့ ကမ္ဘာပျက်ပြီး ရူးမတတ်ပဲ။ ~Wang Yibo~ မင်း...