~ဝေး~ (Extra)

11.2K 1K 166
                                    

ရိပေါ် တစ်ယောက်တည်း မီးခိုချောင်ထဲမှာ ယောက်ယပ်ခတ်အလုပ်ရှုပ်နေတယ်..

ဘေစင်အပေါ်မှာ မဆေးရသေးတဲ့ ပန်းကန်လုံးများ..
စဉ်းနှီတုံးပေါ်တွင် အပြားလိုက်ရိုက်ထားသော သခွားသီးများ..

အနီးတွင် ပျော့ပြဲ၍ အပွလွန်နေသော ခေါက်ဆွဲအိုး..

အပြင်ပိုင်းက တူးခြစ်နေပြီး အထဲတွေ မကျတ်သေးပဲ သွေးသံရဲရဲရှိနေသည့် အမဲသားနှစ်တုံး..

အင်တာနက်က ရှာထားတဲ့အတိုင်း လိုက်လုပ်ပေမယ့် တစ်ခုမှ ဖြစ်မလာတာမို့ သုံးနာရီကြာ ပြင်ဆင်နေခဲ့တဲ့ ရိပေါ် စိတ်ကူးထဲကDinner လေးဟာ ရိုမန့်မတစ်နိုင်ပဲ ဒေါသတွေ အတစ်လိုက်နဲ့ ပျက်စီးသွားရတယ်..

"ကျစ်! ခရမ်းချဉ်သီးတွေကလည်း လှီးရခက်အောင် ဘာလို့ လုံးနေရတာလဲ ?"

အတုံးလိုက် အတစ်လိုက် မညီမညာ ပုံပျက်ပန်းပျက် အလှီးခံထားရသော ရွဲပလဲကာ အရည်တွေစိမ့်ထွက်နေသော ခရမ်းချဉ်သီးလေးများ : ဩော်..သူကပဲ ပြောရတယ်ရှိသေး :'(

မကျေနပ်သည့်အဆုံး လက်ထဲက ကိုင်ထားသည့် ဓားကို စောင်းချလိုက်ပြီး စဉ်းနှီတုံးပေါ်မှ နောက်ဆုံး လက်ကျန် ခရမ်းချဉ်သီးလေးကို အပြားလိုက် အားရပါးရ ရိုက်ချလိုက်ပြီး ဒေါသကို ထုတ်လွှတ်လိုက်သည်..

ခရမ်းချဉ်သီးလေးမှာတော့ ရိပေါ်လက်ချက်ဖြင့် ဘုန်းကညာတစ်ပါး လုံးရာကပြားပြီး အရည်တွေ တပြိပြိထွက်ကျနေလေရဲ့..

"တော်ပြီ! တော်လောက်ပြီ! နင်တို့မျက်နှာကို ငါမကြည့်ချင်တော့ဘူး!"

သူ့ဘာသူ ဖွထားသော မီးဖိုချောင်ထဲမှ သူ့၏ တော်ဝင်လက်ရာများကို ကြည့်ရင်း မျက်စောင်းတစ်ခဲခဲဖြင့် ရိပေါ် မကျေမနပ် ရေရွတ်လိုက်တယ်..

သူလုပ်ထားတဲ့ ဒီအမှိုက်ပုံကို သူမှမသိမ်းရင်လည်း ကောအိမ်ပြန်ရောက်လို့မှ ဝင်သိမ်းလျှင် ပင်ပန်းနေမည်ကို စိုးရိမ်သဖြင့် ဆေးကြောသင့်သည်ကို ဆေးကြောကာ ရှင်းလင်းရေး လုပ်နေလိုက်တယ်..

ကျောင်းပြန်ဖွင့်ပြီးကတည်းက ကောဟာ စနေနေ့တိုင်း ပါး company မှာ အလုပ်ဝင်ပြီး လုပ်ငန်းတွေကို သေချာလေ့လာလေတယ်..

ဝေး  (WYB x XZ Fanfic♡)Wo Geschichten leben. Entdecke jetzt