~ဝေး~ (Epilogue)

11.2K 1.1K 140
                                    

Elevator ထဲမှာ ကျွန်တော့် လက်ထဲက သစ္စာပန်းဖြူဖြူလေးရဲ့ ရနံ့ဖျော့ဖျော့က သင်းပျံ့နေတယ်..

တံခါးပွင့်ပွင့်ချင်း ကျွန်တော် အခန်း နံပါတ် 207 ဆီကို အပြေးသွားလိုက်တယ်..

တံခါးဖွင့်ဖွင့်ချင်းတွေ့ရတာက ဆေးရုံလူနာ ဝတ်စုံအပြာလေးနဲ့ ကုတင်ပေါ် လဲလျောင်းနေတဲ့ ကော ခန္ဓာကိုယ်ပါးပါးလျလျလေး...

အိမ်ပြန်ပြီး ရေမိုးချိုးရတဲ့ နှစ်နာရီဟာ ကျွန်တော့် အတွက် နှစ် နှစ်ဆယ်လိုပဲ..

ကျွန်တော် ကောကို တကယ်စိတ်မချဘူး..

ကျွန်တော် မရှိတဲ့ အချိန် ကော နိုးလာရင် ဘယ်လို လုပ်မလဲ လေနော်..

ကျွန်တော့်ကို ရှာနေရင် ဘယ်လို လုပ်မလဲ..

ကုတင်ဘေးမှာ ထိုင်နေတဲ့ ကျန်းချန်နဲ့ ရှီးချန်ကောကို
မြင်တော့ ကျွန်တော် ခပ်ယဲ့ယဲ့ ပြုံးပြလိုက်မိတယ်..

သူတို့ ဒီနေ့လည်း ရောက်လာကြပြန်ပြီ..

တစ်နေ့ကပဲ ယွီပင်းတို့နဲ့အတူ လာထားတာကို..

"ရိပေါ်! မင်း ရောက်လာတာနဲ့! အတော်ပဲ! ဆရာတို့ ပြန်ဦးမယ်!"

"ဟုတ်ကဲ့! ဆရာ ရှီးချန်! လာပေးတဲ့အတွက်ရော လက်ဆောင်တွေ အတွက်ရော နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်!"

ကျွန်တော် ကောနဲ့ တကယ့် သက်ဆိုင်သူလို ပြောနေမိတာပဲ..

"ကိုကို! ဘာကို ပြန်ဦးမှာလဲ? ခုမှ ရောက်ခါစ ရှိသေးတာကို..ပြီးတော့လည်း ရိပေါ်လည်း နားပါစေဦး.."

"ကလေးကလည်း..ကလေးကို ကော သင်ပေးစရာတွေ ရှိနေသေးတယ်လေ.."

"ဘာကို သင်ပေးမှာလဲ? စာမေးပွဲဖြေထားပြီးတာတောင် နှစ်ပတ်ပဲ ရှိသေးတာ..ကျောင်းပြန်ဖွင့်ဖို့ လိုပါသေးတယ်!"

"အရေးကြီးတာတွေ ကြိုသင်ပေးမို့ပေါ့ကွာ ကလေးရာ...! လာတော့!"

ရှီးချန်ကောက သူ့မူပိုင်အပြုံးတစ်ခုနဲ့ ရိပေါ်ကို နှုတ်ဆက်တယ်..

"ရိပေါ်! ဆရာတို့ နောက်နေ့မှ လာခဲ့ဦးမယ်! မင်းလည်း ကိုယ့် ကျန်းမာရေးလည်း ဂရုစိုက်ဦး! နေ့နေ့ညည မင်းကော နားမှာချည်းပဲ! ကောကို ဂရုစိုက်တာလည်း စိုက်ပေါ့ကွာ.. ကြာရင် မင်း ကျန်းမာရေး ထိခိုက်မှာစိုးလို့ ပြောတာ..သူနိုးလာတဲ့အခါ မင်းနေမကောင်းဖြစ်နေတာမြင်ရင် သူလဲ ဘယ်စိတ်ကောင်းလိမ့်လေမလဲ.."

ဝေး  (WYB x XZ Fanfic♡)Where stories live. Discover now