7:00 A.M.
၇ နာရီ ထိုးနေပြီ~
မထသေးဘူးလား~7:30 A.M.
၇ နာရီတောင် ခွဲနေပြီ~
တကယ်မထသေးဘူးလား?~
ကျန့်ကောမထသေးရင် တကယ်သွားပြီနော်~
မစောင့်တော့ဘူး~တတိန်တိန် မြည်လာသော message အသံကြောင့် ရှောင်းကျန့် ကုတင်အနီးရှိ မီးအိမ်တင်ထားသောခုံပေါ်မှ ဖုန်းကို မျက်လုံးမဖွင့်ဘဲ အိပ်ချင်မူးတူးနှင့် စမ်းရှာယူလိုက်သည်။
လက်ထဲဖုန်းရောက်လာတော့ သူ အလန့်တကြားတွေ့လိုက်ရသည်မှာ အချိန်က 7:31 A.M ။သူ့ကို မျက်လုံးပိုပြူးသွားစေသည်က ရိပေါ်ပို့ထားသော wechat မှ message များ။
*ဟာ!ဒီကလေးကတော့...ငါ့ကို မစောင့်ဘဲ သွားတော့မယ်တဲ့! ဒုက္ခပဲ!*
ရှောင်းကျန့် အိပ်ယာမှ အလူးအလဲထပြီး ခန်းဆီးကိုအမြန်ဖယ်ကာ သူ့ပြတင်းပေါက်မှန်ကို အလျင်စလိုအမြန် ဖွင့်လိုက်သည်။ဖွင့်ဖွင့်ချင်းပင် မျက်နှာချင်းဆိုင် ပြတင်းပေါက်မှ သူ့ ပြတင်းပေါက်ဘက်ကို လှမ်းကြည့်နေသော ဝမ်ရိပေါ်ကို ရှောင်းကျန့် တွေ့လိုက်ရသည်။လက်ထဲတွင်လည်း ဖုန်းကို ကိုင်ထားကာ ရှောင်းကျန့် reply ကို စောင့်နေပုံရသည်။ဖြောင့်တန်းနေသော မျက်ခုံးတစ်စုံက လိုသည်ထက် အနည်းငယ်ပိုတွန့်နေကာ စိတ်မရှည်တော့ကြောင်း ပြနေသည်။
ရှောင်းကျန့် မျက်လုံးဝိုင်းဝိုင်းကလေးများ ပျောက်သွားပြီး သူ့ယုန်သွားလေးများပေါ်သည်အထိ ဝမ်ရိပေါ်ကို ရယ်ပြလိုက်သည်။
*အခုမှ အိပ်မှုန်စုံမွှားနဲ့ အသည်းအသန် အိပ်ယာထလာပြီး ခေါင်းတောင် မဖြီးရသေးတဲ့ ဆံပင် ပိုသီဖတ်သီနဲ့ ကျန့်ကောဟာ ဘာလို့ ဒီလောက်တောင် ချစ်စရာကောင်းနေရတာလဲ...? ကျစ်!*
သူ့ ရင်ခုန်သံကို သူမထိန်းနိုင်တော့သည်မို့ ရိပေါ်သည် သူ့ကို ရယ်ပြနေတဲ့ ယုန်ဖြူလေး ရှောင်းကျန့်ကို အလျင်အမြန် ကျောခိုင်းလိုက်သည်။
"ဟေ့! ဟေ့! ဝမ်ရိပေါ် !ကောကို စောင့်ဦးလေ! အတူတူသွားမယ် လို့ဆို..."
ရှောင်းကျန့် ခေါ်သံကြောင့် ဝမ်ရိပေါ် သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။ရှောင်းကျန့်မှာမူ သူ့အပြုံးလက်နက်နှင့် ဝမ်ရိပေါ်ကို ဆက်လက်ပစ်ခွင်းလျက်...။
ESTÁS LEYENDO
ဝေး (WYB x XZ Fanfic♡)
Fanficကျွန်တော့်ဘက်ကသာ သူ့ကို အရူးတစ်ယောက်လို တိတ်တိတ်လေး ချစ်နေခဲ့ရတာ...။သူ့ကိုမြင်တိုင်း ကျွန်တော့် ခံစားချက်ကို ဖွင့်ပြောချင်မိတာ...၊ကျွန်တော်ပိုင်ဆိုင်တဲ့သူပဲ ဖြစ်စေချင်မိတာ နေ့တိုင်း...အတွေးပေါင်းများစွာနဲ့ ကမ္ဘာပျက်ပြီး ရူးမတတ်ပဲ။ ~Wang Yibo~ မင်း...