သူဘယ်လိုအိမ်ပြန်ရောက်လာခဲ့လဲမသိတော့ဘူး။ ထွက်ပြေးလာတာပဲမှတ်မိတော့တယ်။
စောင်ကိုလုံအောင်ခြုံထားတယ်။ တဆတ်ဆတ်တုန်နေတာလဲသိတယ်။ လက်တွေလည်းအေးစက်နေတာပဲ။ ရှောင်းကျန့်ဒေါသထွက်သင့်သလားတောင်မသိတော့။ မူးနေတဲ့ လူကို ဒေါသထွက်လို့ရောရပါ့မလား! ရှောင်ကျန့်အဖြစ်က လူမသိသူမသိစော်ကားခံလိုက်ရသလိုပဲ။တုန်တုန်ရီရီနဲ့ပဲ ရေငှဲ့ပြီးသောက်လိုက်တယ်။ အေးကနဲအထိအတွေ့က အလုံးအရင်းဝင်လာတဲ့လျာဖျားတွေကိုသတိရပြီး တခွပ်ခွပ်သီးကုန်တယ်။
စိုကုန်ပြီ!
အဆက်အသွယ်မလုပ်ပဲနေရင်ဖြစ်တာပဲ။ ဒီကြားထဲ သူ့ကိုရှောင်ဖို့လိုတယ်။ တစ်ပတ်လောက်မတွေ့ပဲနေလိုက်ရင် ထူးဆန်းနေတဲ့ခံစားချက်တွေလဲပျောက်သွားမှာပဲ။
ရှောင်းကျန့် ဖုန်းဖွင့်ပြီးအိမ်ကိုဆက်လိုက်တယ်။
"မား။ သားမနက်ဖြန်ပြန်လာမလို့"
.............
လက်လုပ်လက်စားခြံလေးမို့ ရောက်စမှာပဲ ရှောင်းကျန့်အကုန်လုံးကိုမေ့ပြီးပျော်သွားသည်။ နှစ်သစ်ကူးနေ့တွေကလွဲလို့ အိမ်မရောက်ဖြစ်။ အလုပ်တွေက ဇယ်ဆတ်သလိုပုံနေသည်။ တစ်နေ့တစ်နေ့ပြီးရင် ရှောင်းကျန့်ဘာမှတွေးချိန်တောင်မရှိပဲ တုံးရှူးပဲ။ ခေါင်းအုံးပေါ်ခေါင်းချတာနဲ့ တစ်ခါတည်းရှူးကနဲအိပ်ပျော်။
လေးရက်လောက်လဲ ကြာလာရော တစ်ဆို့နေတဲ့ဟာကအဆင်ပြေသွားတယ်။ အစာဝဝလင်လင်စားရတဲ့ ယုန်လေးလိုပဲ ရှောင်းကျန့်ပါးလေးတွေဖောင်းလာတယ်။ ဒီလေးရက်မှာ ရှောင်းကျန့်ဆီဘာဖုန်းမှဝင်မလာတာလဲပါတယ်။ ဘယ်ဝင်မလဲ ရောက်ကတည်းကဖုန်းပိတ်ပြီး ဆန်အိုးထဲသွားနှစ်ထားတာ။
ကန်စွန်းဥမီးဖုတ်ကို ပလုတ်ပလောင်းစားရင်း အိမ်ရှေ့ကိုထွက်လိုက်တယ်။ နေရောင်ကာခေါင်းဆောင်းလေးအောက်မှာ ရှောင်းကျန့်က ပိုးတိုးလုံးကောင်လေးအတိုင်းပဲ။ တောနင်းဖိနပ်ကိုစီးပြီး တူရွင်းပါးကိုင်လိုက်တယ်။ အသီးတွေလဲခူးရတော့မယ်။ ပါးနဲ့မားကတော့ သူ့ကိုဘယ်တော့မှမစောင့်။ ဘာလို့ဆို အိပ်ရာထနောက်ကျလို့တဲ့!
YOU ARE READING
Behind my eyes [Completed!]
Fanfictionတစ်ချိန်တုန်းက ခရီးလွန်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ Inspire by Fanmade Video WangYiBo×XiaoZhan