ဝမ်ကျားလော့က ငါးဆယ့်တစ်နှစ်ရှိပြီ။ သူကလူတွေကိုစိတ်ဝင်စားတယ်။ ဒါဟာ ဒီနယ်ပယ်မှာ ဝမ်မိသားစုဆိုပြီး လျှမ်းလျှမ်းတောက်ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲကတစ်ခုပဲ။ ပြီးတော့...ဘယ်သားသမီးကိုမဆို သူမျက်နှာလွဲခဲပစ်မလုပ်ဖူး။ သူအချစ်ဆုံးသားထွေးဆို ပိုဆိုးရောပေါ့။
..........
"အား....!!!!!!!!!"
အော်သံနက်နက်ကြီးကိုကြားလိုက်ရပြီး ရှောင်းကျန့်နိုးလာတယ်။ အော်သံဟုတ်ပါတယ်။
"အား..အား...!"
ကြားရပြန်ပြီ။ ထပြီးအခန်းတံခါးကိုဆွဲဖွင့်လိုက်တယ်။ သူ့ရှေ့မှာကျောပြင်တစ်ခု။ တစ်အိမ်လုံးမှာ မားပဲကိုင်တဲ့ ရိုးတံရှည်နဲ့ တံမြက်စည်းကိုကိုင်ထားတယ်။ အဲ့ဒါဝမ်ရိပေါ်ပဲ။ အော်နေတာ!
"ဘာဖြစ်တာလဲ"
"အကောင်ကြီး!"
ပြောပြီးသူ့ကိုတွန်းလွတ်နေတယ်။
နေပါဦး ငါကြည့်ပါရစေဟ။
အကောင်ကြီးကိုမြင်ပြီးရှောင်းကျန့်ဆွံအသွားတယ်။ဟုတ်ပ! တံမြက်စည်းတစ်ချောင်းနဲ့ ဝမ်ရိပေါ်ရင်ဆိုင်နေတဲ့ အကောင်ကြီးကအကြီးကြီးပဲ။ သူ့ကို ကျွန်တော်တို့က အိမ်မြှောင်လို့ခေါ်တယ်။
တယ်!!ငါ..
ဝမ်ရိပေါ်ကိုအိမ်မြောင်လဲကြောက်တယ်။ တံမြက်စည်းနဲ့တစ်ချက်ရမ်းခံရပြီး အဝေးကိုလွင့်သွားတော့တယ်။
ချောင်းတွေသပ်ပြီး ဝမ်ရိပေါ်အဟမ်းအဟမ်းတွေဖြစ်ကုန်တယ်။
"အ..ကြီး.......ကြီးမို့"နင့်ဂျီးတော်အကြီးကြီးလား။ လက်ဖဝါးလောက်တောင်မရှိတဲ့အကောင်ကို!
နေပါဦး သူကအိမ်မြောင်ကြောက်တာလား...
Ho..~ ဒီသခင်လေးကမထင်ရဘူးပဲ။
ရှောင်းကျန့်အူမြူးလာတယ်။ ရှက်သွားပုံပဲ!"အင်းအင်း...ဟုတ်ပ!အကြီးကြီးပဲ"
သေစမ်း! သူကျန့်ကောမျက်နှာကိုမကြည့်ရဲတော့ဘူး။ သူ့ရှေ့ကနေဖြတ်ပြီးနောက်ဖေးကိုထွက်သွားတယ်။ သေချာတာ ကျန့်ကော သူ့ကိုကျိတ်ရယ်နေတော့မှာ။
YOU ARE READING
Behind my eyes [Completed!]
Fanfictionတစ်ချိန်တုန်းက ခရီးလွန်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ Inspire by Fanmade Video WangYiBo×XiaoZhan