ရိပေါ်ဘဝမှာ အရှည်ကြာဆုံးဖြစ်ခဲ့တဲ့ ရှစ်နာရီ။ သူမငိုနိုင်တော့ဘူး။ သူ့မျက်စိရှေ့တင် ဒီလိုဖြစ်သွားတာသူမယုံနိုင်ပေမဲ့ ဖြစ်သွားသမျှဟာ အိပ်မက်မဟုတ်ဖူး။ ကျန့်ကောရဲ့ခေါင်းကနေသွေးတွေစီးကျနေတာက လမ်းမတစ်ခုလုံးအိုင်ထွန်းနေတာ။ ရိပေါ်ကျန့်ကောရဲ့ဘယ်နေရာကိုမှ မထိရဲဘူး။ လက်ဖျားကလေးကိုကိုင်ရင်တောင် ဒီခန္ဓာကိုယ်ကနေ တစ်ခုခုကျိုးကြေသွားမှာ အရမ်းကြောက်နေတာ။
ကားသမားကို နှစ်နာရီအတွင်းပဲ ဖမ်းမိခဲ့တယ်။ အဲ့ဒါ လီရွှမ်းပဲ။ ရိပေါ်ကို ကြည့်ပြီး သူကပြုံးတယ်။ ရတယ်။ မင်းအတွက် မလွတ်မြောက်နိုင်တဲ့အမှောင်ကို ငါပေးမယ်။
သူ့လက်ဖဝါးမှာ သွေးတွေချည်းပဲ။ အင်္ကျီတစ်ခုလုံးလဲ မြင်မကောင်းရှုမကောင်းဘူး။ ဒါပေမဲ့ သူဒီအခန်းရှေ့မှာ ငုတ်တုတ်ထိုင်နေပြီး သူတစ်ခါမှမကြည်ညိုဖူးတဲ့ နတ်ဘုရားတွေဆီကနေ ကျန့်ကောကို ပြန်ပေးဖို့ တတွတ်တွတ်ရွတ်ရင်း တောင်းဆိုနေခဲ့တယ်။
အချင်းချင်းဆုပ်ကိုင်ထားတဲ့ လက်ဖဝါးတွေနဲ့လက်ဆစ်ချိုးတွေဟာ နီရဲနေခဲ့တယ်။
..........
ကျန့်ကောရဲ့မား သူ့ရှေ့ရောက်လာတော့ မျက်ရည်တွေနဲ့။ သူဘယ်လိုနှစ်သိမ့်ပေးရမယ်မှန်းမသိဘူး။ operation ခန်းထဲက ထွက်လာတဲ့ ဝတ်စုံစိမ်းတွေကိုမြင်ရင် သေမိန့်ချခံရတော့မယ်လူလိုခြောက်ခြားသွားတတ်တဲ့ သူ့ကိုယ်သူတောင် ခပ်ယဲ့ယဲ့ရပ်တည်နေရတာရယ်။
"ရှောင်းကျန့်ဆီအလည်လာခဲ့တဲ့ကလေးပဲ"
မားကသူ့ကိုမြင်တာနဲ့မှတ်မိတယ်။ ပြီးတော့လက်တွေက သူအားကိုးရာအနေနဲ့ ဆုပ်ကိုင်ထားမိခဲ့တဲ့ လက်စွပ်မောင်းကွင်းလေးဆီရောက်လာတယ်။ သူ့မွေးနေ့ပြီးကတည်းက တစ်နေ့မှမချွတ်ခဲ့တာ!
"ကျန့်ကျန့်ပေးထားတာလား"
"ဟု..တ်.ကဲ့.."
ခြောက်ကပ်နေတဲ့လည်ချောင်းထဲကနေ အသံခပ်အက်အက်က ကြောက်စရာကောင်းစွာထွက်လာတယ်။ ရိပေါ် လည်ချောင်းတွေရော မျက်လုံးတွေရော ပူနေတာ။ ဖျားနေတာမှန်းသိပေမဲ့ ရှောင်းကျန့်ကိုချန်ပြီး ဒီအခန်းရှေ့ကနေ သူတစ်ဖဝါးမှမခွာရဲဘူး။
YOU ARE READING
Behind my eyes [Completed!]
Fanfictionတစ်ချိန်တုန်းက ခရီးလွန်နေတဲ့ ယုန်ကလေးတစ်ကောင်ရှိတယ်။ Inspire by Fanmade Video WangYiBo×XiaoZhan