04

27.4K 3.1K 42
                                    

ရှောင်းကျန့်လေလျော့ခံလိုက်ရတဲ့ ပူဖောင်းလေးလိုဖြစ်သွားတယ်။

သူ့ရှေ့မှာ Laptop ပွင့်နေတယ်။ ရှောင်းကျန့်က ကုတင်ပေါ်မှာစောင်ခေါင်းမြီးခြုံပြီး ငုတ်တုတ်ကလေး။

Oh..God!

ဝမ်မိသားစုရဲ့ ကြီးကျယ်ခမ်းနားမှုတွေ။ မောင်းမတော်တွေတလှေကြီးနဲ့ ဝမ်သူဌေးကြီးမှာ သားချောရတနာ သမီးလှရတနာတွေက ခြေရောလက်ပါ ပေါင်းရေတောင်မလောက်။ မကြာခင် ၂၂ နှစ်ပြည့်တော့မဲ့ နတ်ဆိုးကလေးက သူ၏ ကိုကိုမမတွေအကုန်လုံးကိုကျော်ပြီး သူဌေးကြီး.ဝမ်ရဲ့ အသည်းနှလုံးကိုအပိုင်သိမ်းထားတဲ့သူ။

သားသမီးလိုဆက်ဆံပြီး မေတ္တာပါ ရထားတာဆိုလို့ ဝမ်ရိပေါ်တစ်ယောက်တည်းရှိတာ။ အဲ့တာလေးကိုမှ.......
O-o

Tracer85 ဆိုတဲ့နံပါတ်နဲ့ အစိမ်းရောင်ဆိုင်ကယ်ကြွားကြွားရွားရွားကြီးပေါ်မှာ အစိမ်းရောင်ဆိုင်ကယ်စီး Jacket ကဝတ်စုံပြည့်၊ ပြီးတော့ မဒီလေးနှစ်ယောက်ကြားက အချေဆိုဒ်ကြီးနဲ့ ဝမ်ရိပေါ်။

အိုး.....

ရှောင်းကျန့်ကံကြမ္မာတွေအဆိုးဘက်ရောက်သွားပြီလား။ သူစောင်ခြုံထဲကတောင်မထွက်ရဲဘူး။ ထွက်လိုက်တာနဲ့ ထိုကောင်လေးရဲ့ ပြီးပြည့်စုံမှုတွေက ခေါင်းပေါ်ပိလာသလိုခံစားရလို့။

ကယ်ကြပါ!!!!

......

မနက်ပြန်ညပြန်ဘယ်အချိန်ပြန်ပြန် လမ်းမပေါ်ထွက်လိုက်တာနဲ့ ရှောင်းကျန့်စိတ်ညစ်ရပြီ။
အခုရှောင်းကျန့်က လမ်းမကြီးဘေးက သပ်သပ်ကန့်ပေးထားတဲ့အနှေးစီးယာဉ်ကြောမှာ စက်ဘီးစီးနေတာ။ သင်ထားတာလည်းမကြာသေးတာမို့ယိုင်တိုင်တိုင်ရယ်။ ရှောင်းကျန့်နောက်မှာ ကားတွေတသီကြီးရယ်။ ဟွန်းသံတွေလည်းကျယ်လို့။

ဘာ့ကြောင့်လဲ ဟုတ်လား။ အင်းဘာ့ကြောင့်လဲပေါ့။ ဘေးမှာ ဝမ်သခင်လေးက ဆိုင်ကယ်ကိုဘေးချင်းယှဉ်စီးနေတယ်လေ။ ဘုရားစူးရစေ့ ဒီလောက်မျက်နှာပြောင်တိုက်တဲ့ အကြွေးရှင်မျိုး ရှောင်းကျန့် မမြင်ဖူးဘူး။ အကြွေးလိုက်တောင်းတာကို မမောနိုင်မပန်းနိုင် ဆိုင်ကယ်တစ်စီးနဲ့သွားလေရာပတ်လိုက်နေတာ။ ရှောင့်ကျန့်နှုန်းအတိုင်း ဘေးကနေ ဆိုင်ကယ်ကိုဘီးလှိမ့်ရုံမောင်းနေတော့ တင်းကြပြီ။ ဆဲရေးသွားသမျှကို ဝမ်သခင်လေးက လက်ခလယ်ထောင်ထောင်ပြပြီးဖြေရှင်းနေတယ်။

Behind my eyes [Completed!]Where stories live. Discover now