13

26K 3K 105
                                    

အိပ်ခန်းကတော့ ရှောင်းကျန့်ကတစ်ခန်း ရိပေါ်ကတစ်ခန်းပဲ။ ဒါပေမဲ့ အကြောင်းပြချက်မျိုးစုံနဲ့ ရိပေါ်က သူ့အခန်းထဲ ညတိုင်းရောက်လာတယ်။ အခုဆို လက်ကိုင်ပြီးအိပ်တာကအကျင့်လိုဖြစ်နေပြီ။ ပြီးတော့ မနက်ဆို ရှောင်းကျန့်ကိုအကောင်ကိုက်ထားတာတွေက နီရဲနေရောပဲ။ အလုပ်မှာမေးကြတယ်။ ရှောင်းကျန့်လဲ ဘာကောင်ကိုက်မှန်းမသိလို့ မသိဘူးပဲ ဖြေတာကို ဘယ်လိုမျက်လုံးတွေနဲ့ကြည့်နေကြမှန်းမသိဘူး။ ငါတို့လက်ဖွဲ့ပြင်ရတော့မလားဆိုတာမျိုးက ပါသေးတယ်။ ပေါက်ပေါက်ရှာရှာ ရှောင်းကျန့် ခမျာ ချစ်ဖို့လူတောင်ရှာမတွေ့သေးဘူး။

ပြီးတော့ ရှောင်းကျန့်စက်ဘီးလေးဘယ်ရောက်သွားတာလဲ ဆိုပြီး မေးကြသေးတယ်။ ဘယ်ရောက်ရောက်သူတို့အပူပါလား။ အခုဆိုရှောင်းကျန့်က အလုပ်သွားအလုပ်ပြန် အကြိုအပို့လုပ်ပေးမယ့် ဆိုင်ကယ်စီးတတ်တဲ့ သူငယ်ချင်းညီလေးရှိနေပြီ။ တစ်ခါတစ်ခါ ရစ်လွန်းတာကလွဲလို့ ဝမ်ရိပေါ်က ချစ်စရာလေး။ ပြီးတော့ တအားလဲ ကလေးဆန်တာပဲ။

အိတ်ကို စလွယ်သိုင်းလွယ်ပြီး အလုပ်ရုံရှေ့ကိုထွက်လာတဲ့ ရှောင်းကျန့်ရှေ့ ဆိုင်ကယ်က အော်တိုမစ်တစ်ထိုးရပ်လာတယ်။ အလုပ်ဆင်းတဲ့အချိန်တွေကိုအလွတ်ကျက်ထားလားတော့မသိဘူး။ အလွန်ဆုံးစောင့်ရတဲ့အချိန်တောင် တစ်မိနစ်ရဲ့တစ်ဝက်မပြည့်ချင်ဘူး။

ရိပေါ်က ဆိုင်ကယ်စီးဦးထုပ်ကိုဆောင်းပေးပြီး မေးသိုင်းကြိုးတွေပါတပ်ပေးတယ်။

အကုန်လုံးအထူးအဆန်းပဲ။ အမြဲတမ်းတပြုံးပြုံးနဲ့ရှောင်းကျန့်က လူကြီးဆန်တယ်လို့သူတို့အားလုံးသိထားတာ။ တစ်ခါတလေ နည်းနည်းတုံးတာကလွဲလို့။ အခုပုံကတော့ ဂရုစိုက်ခံနေရတဲ့ ကလေးလေးအတိုင်းပဲ။ သူများလက်ထဲ ပြုသမျှနုနေတာက ဘာမှမလုပ်တတ်တဲ့ ငါးနှစ်သားလေးလိုပဲ။ တော်သေးတယ်။ ဟိုတစ်ယောက်က ဆိုင်ကယ်ပေါ်ပွေ့ချီပြီးမခေါ်လို့။

ရှောင်းကျန့်အလုပ်ရုံရှေ့ မြင်ရသမျှလုပ်ဖော်ကိုင်ဖက်တွေအကုန်လုံးကို လက်ပြလိုက်တယ်။ ဘာလို့ ဝိုင်းကြည့်နေကြတာလဲ မသိပေမဲ့!

Behind my eyes [Completed!]Where stories live. Discover now