17

24.3K 2.9K 54
                                    

အခုကရှောင်းကျန့်တို့ ကုမ္ပဏီကစီစဉ်တဲ့ Live လွင့်နေတာ။ အိမ်တွင်း ဒီဇိုင်းတွေကိုမိတ်ဆက်ပေးတာပေါ့။ အဲ့တာကို Design ဝန်ထမ်းတွေက အလှည့်ကျလုပ်ကြရတာ။ အခုက ရှောင်းကျန့်ကလှည့်။ Live လွင့်တာ ဒုတိယအကြိမ်ဆိုတော့ စစချင်းတုန်းကလို ရှောင်းကျန့်ကခြေတုန်လက်တုန်မဖြစ်တော့ဘူး။ စိတ်ဝင်စားတဲ့သူတွေက သိချင်တာလေးတွေမေးတယ်။ ရှောင်းကျန့်ကဖြေတယ်။ အလုပ်မဟုတ်တဲ့ cmt တွေလဲ တက်တက်လာတတ်တယ်။

"ရုပ်ဆိုးလိုက်တာ!"

ရှောင်းကျန့်ကခေါင်းကိုနှစ်ချက်ငြိမ့်လိုက်တယ်။

"ရုပ်ဆိုးရင်မကြည့်ပဲနေလေ!  နင့် ဒုက္ခနင်ရှာပြီး ဘာလို့လာကြည့်နေသေးလဲ!"

ဘေးနားမှာသူ့အလုပ်သူလုပ်နေတဲ့ အစ်မတွေအစ်ကိုတွေက ရှောင်းကျန့်ရှိရာ ပြိုင်တူပဲခေါင်းလှည့်လာကြတယ်။

"ဟုတ်တယ် ငါကရူးတယ်။ ရူးတဲ့လူတွေက ကံကောင်းကြတယ်လေ! နင်မရူးတော့နင်ကံမကောင်းတော့ဘူးပေါ့"

နေပါဦး ဒါက Live လွင့်နေတာလား အားရပါးရ ရန်ဖြစ်နေတာလား!

ရှောင်းကျန့်ကတော့ အေးအေးဆေးဆေးပဲ။ အသည်းပုံ တွေအများကြီးတက်လာတယ်။ သူရှက်သွားတယ်။ ဝမ်ရိပေါ်ကြီး!!!!

ရန်စွယ်တဖြဲဖြဲကနေ လက်မကိုတတိတိကိုက်ပြီး အသံတိတ်ကျသွားတဲ့ ရှောင်းကျန့်ကိုသူတို့နားမလည်ဘူး။

အဲ့ဒီနေ့ မှာပဲ 'ရုပ်ဆိုးလိုက်တာ ' လို့ cmt ဝင်ရေးခဲ့တဲ့ acc က ညတွင်းချင်းပဲ ဖျက်ခံထိသွားခဲ့တယ်။

................

ရှောင်းကျန့်ဆီဖုန်းတွေအများကြီးဝင်တယ်။ ဝမ်ရိပေါ်နဲ့ ပွင့်ပွင့်လင်းလင်းစကြိုက်ပြီးကတည်းကပဲ။ ရိပေါ်က မသိတဲ့ လူတွေဖုန်းဆို မကိုင်နဲ့ဆိုပြီးမှာထားလို့ ရှောင်းကျန့်တစ်လုံးမှမကိုင်ဘူး။ ပြီးရင် အဲ့ဒီနံပါတ်တွေကိုအေးအေးဆေးဆေးထိုင်ပြီး Black list ထဲထည့်တယ်။

ရှောင်းကျန့်က ဝမ်ရိပေါ်ကိုကြိုက်တာ။ သူ့အသိုင်းအဝိုင်းကိုမကြိုက်ဖူး။ သဘောလဲမကျဘူး။ ဒါပေမဲ့ တစ်နေ့ကျရင်ရှောင်လို့မရပဲ ဆက်နွယ်ရမယ်မှန်းသူသိတယ်။ ပြောရရင် သူက ရိပေါ်တက် ခြောက်နှစ်စောပြီးလူလုပ်လာတာ။ တစ်နေ့တွေ့ရမယ့် အကြောင်းအရာတွေအတွက် သူ့ဘက်က ရိပေါ်လိုပဲ ခံနိုင်ရည်ရှိနေဖို့လိုတယ်။

Behind my eyes [Completed!]Where stories live. Discover now