SEEING YOU SMILE MAKES ME
SMILE TOO.Wang YiBo,
___________________________________\\ဒီကနေ့က အလုပ်နားရက်ဖြစ်နေပေမဲ့ ရှောင်ကျန့်က
တော့ သူငယ်ချင်းဖြစ်သူပိုင်ယွီရန် ဆီကို ရောက်လာခဲ့
တယ် ။ နားရက်ကလေးမှာ ဒီကောင်နဲ့ သွားစရာနေရာ
လေးပေါ်လာတော့ အိမ်မှာပဲ နားနားနေနေ မနေရဘဲ
ထွက်လာခဲ့ရတယ် ။အောက်ခံအဖြူရောင်တီရှပ်ပေါ် အပြာနုရောင်ရှပ်အင်္ကျီ
လက်ရှည်ကိုထပ်ဝတ်ထားပြီး အင်္ကျီလက်ကို တံတောင်
ဆစ်ထိ သပ်သပ်ရပ်ရပ်လေး စိတ်ရှည်လက်ရှည် သူ
ခေါက်တင်ထားလိုက်တယ် ။ ခပ်သွက်သွက်ခြေလှမ်း
ကျယ်ကျယ်တွေက သူ့ပုံမှန်လမ်းလျှောက်နှုန်းထားပင် ။
သွားတွေပေါ်အောင် ပြုံးရယ်ကာ ယွီရန်ကို သူလှမ်းခေါ်
လိုက်တယ် ။" ယွီရန် မင်းဘာလုပ်နေတာလဲ ”
သူ့အိမ်သူ့ယာထဲမှာရှိနေတာတောင် လှေကားရင်းမှာ
မတ်တပ်ရပ်ကာ အိမ်အပေါ်ထပ်ကို ခိုးကြောင်ခိုးဝှက်
ခေါင်းမော့ငေးနေတဲ့ ယွီရန်က သူ့အသံကြောင့် ပြာပြာ
သလဲ နူတ်ခမ်းပေါ်လက်ညိုးတင်ပြရင်း တိတ်တိတ်နေ
ဖို့ သတိလှမ်းပေးတယ် ။ယွီရန် မင်းကတော့ ပေါက်ကရတွေလုပ်ပြန်ပြီလား။
သူလဲ ယွီရန်နားကို သွားမတ်တပ်ရပ်လိုက်ပြီး ယွီရန် နဲ့
တူတူ ကြောင်တိကြောင်တောင်နိုင်စွာ အပေါ်ထပ်ကို
ခေါင်းမော့ငေးလိုက်တယ်။ဒါပေမဲ့ရှောင်ကျန့်တယောက်
ဘာထူးခြားမှုကိုမှ တွေ့မနေရဘူး ။" ဘာလဲ မင်းနောက်နေပြန်ပြီလား ယွီရန် ”
သူ ယွီရန်ရဲ့ လက်မောင်းကို ဖြတ်ရိုက်ပစ်လိုက်တယ် ။
ဒီအကျင့်လေး ပြင်ပါဟ ။ အမြဲတမ်း သူများကိုနောက်ဖို့
စဉ်းစားမနေနဲ့ ။သူနဲ့ယွီရန် လှေကားနားမှာရှိနေတုန်း အိမ်အပေါ်ထပ်
ကနေ ဆင်းလာတဲ့ လူနှစ်ယောက်ကြောင့် ခေါင်းမော့
ကြည့်လိုက်တယ် ။ တယောက်က ယွီရန်ရဲ့ညီဖြစ်သူ
စီရန် နောက်တယောက်ကတော့ သူလဲ မသိဘူး ။ သူ
ကအပေါ်ကိုအငေး၊လှေကားပေါ်ကလူကအောက်ကိုငုံ့အ
ကြည့် ဆုံသွားတဲ့ အကြည့် ။
YOU ARE READING
" You're the reason why I'm smiling again "
FanfictionPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣