SMILE - 04

6.4K 852 15
                                    


အပိုင်းဆက် ။

တမေးတမော အိပ်ပျော်သွားပြီးနောက် ရိပေါ် ဆတ်ခနဲ
လန့်နိုးလာပြန်တယ် ။ အခုလို ပူးပူးကပ်ကပ်ကြီး အိပ်ရ
တာ ကျင့်သားမရသေးလို့ထင်သည် ။ သူ လန့်နိုးလာ
တော့ မျက်လုံးတွေဖွင့်ဖွင့်ချင်း အနီးကပ်မြင်လိုက်ရတာ
က ရှောင်ကျန့်ရဲ့ မျက်နှာဖြစ်နေတယ် ။ အထိတ်တလန့်
ဖြစ်သွားပေမဲ့ ကျဉ်းကြပ်နေတဲ့ အနေအထားကြောင့် သူ
တဖက်ကိုတောင် လှည့်လို့် မရဘူးဖြစ်နေသည် ။ဒီလူ
ကတော့ သူ့ဘက်ကို တစောင်းလှည့်လာပြီး အိပ်နေ
သည် ။ နည်းနည်းသာ လူးလိမ့်လိုက်ရင်ပဲ ပြုတ်ကျသွား
နိုင်တဲ့ အနေအထားမှာ ရှိနေတယ်  ။

တဖက်လူရဲ့မျက်နှာ နဲ့ အရမ်းကိုနီးကပ်နေတာကြောင့်
ရိပေါ် စိတ်ရှုပ်နေတယ် ။ အသက်ရှူထုတ်တဲ့ လေက အစ သူ့ပါးကို လာထိခတ်နေသေးတယ် ။ရိပေါ် သူ့မျက်
လုံးတွေ မှိတ်ချပစ်လိုက်တော့သည် ။ သူ မကြည့်ဘူး။

ဒါပေမဲ့ သူ့မျက်လုံးတွေ ထပ်ပွင့်လာသည် ။ ရှောင်ကျန့်
ရဲ့ အနီးကပ်မျက်နှာကို သူ စေ့စေ့စပ်စပ်ကြည့်မိနေ
တယ်  ။ ရယ်ပြတတ်တဲ့ နူတ်ခမ်း ၊ သူ အလျင်အမြန်ပဲ
အကြည့်လွှဲလိုက်တော့ နူတ်ခမ်းအောက်က မှဲ့ဆီရောက်
သွားတယ်  ။ ဒီမှဲ့ကြောင့် ဒီလူကပိုထူးခြားနေသယောင်၊

မဆိုးပါဘူး   ဒီလူက ကြည့်ကောင်းနေသားပဲ  ။

ရိပေါ် မျက်လုံးတွေ ပြူးကျယ်သွားပြီး ဆတ်ခနဲ ထထိုင်
ပစ်လိုက်တော့သည် ။ ယုံတောင် မယုံနိုင်ဘူး ။ သူ အ
ခု ဘာတွေကို သည်းခံပြီး ကျဉ်းကျဉ်းကြပ်ကြပ်လာအိပ်
နေတာလဲ ။ သူ ချက်ချင်းပဲ ကုတင်ပေါ်ကအတင်းဆင်း
ပြီး  ဆိုင်ကယ်ဦးထုပ်ကိုဆွဲယူပြီး ထွက်လာခဲ့လိုက်
တော့သည် ။

အနောက်ကလူ ဘာဖြစ်ဖြစ် သူ ဂရုမစိုက်တော့ဘူး ။

____________________________________

ရိပေါ် ဒီရက်ပိုင်း  အပြင်သိပ်မထွက်ဖြစ်ဘဲ လေ့ကျင့်နေ
ဖြစ်တာက များသည် ။ စကိတ်စီးနေတုန်း သူ ချော်လဲ
ပြီး  ဒူးခေါင်းမှာ ပွန်းပဲ့သွားလို့ ခဏနားနေတုန်း အနား
က စီရန်က ပေါက်ပေါက်ဖောက်ပြန်တော့သည် ။

" You're the reason why I'm smiling again "Dove le storie prendono vita. Scoprilo ora