မနက်စောစော အလုပ်သွားဖို့ အခန်းတံခါးကို လာ
ခေါက် နှိုးပေးတဲ့ မေမေကြောင့်သာ ရှောင်ကျန့် နိုးလာ
ခဲ့သည် ။ ညက သောက်တာ နည်းနည်းများသွားတာ
ကြောင့် ညကဘာတွေဖြစ်ခဲ့သေးလဲ ဆိုတာတောင် သူ
မမှတ်နိုင်တော့ဘူး ။ အိပ်ယာပေါ်မှာ မျက်လုံးတွေ ပွင့်
ပွင့်ချင်း အချိန်နောက်ကျတာကို သိလိုက်ရတာနဲ့ သူ
အလူးအလဲ ကုန်းကြုံးထပြီး အလုပ်သွားဖို့ အသည်းအ
သန်ကို ပြင်ဆင်ရတော့သည် ။နောက်ကျိနေသေးတဲ့ ခေါင်းကို လစ်လျစ်ရှူ့ထားပြီး သူ
အလုပ်နောက်မကျဖို့သာ ခပ်မြန်မြန် လှုပ်ရှားနေတယ်။
အဝတ်အစား အမြန်ဝတ် ၊ မေမေ ပြင်ပေးထားတဲ့ မနက်စာကို အသည်းအသန် ပါးစပ်ထဲ ထိုးသွပ်ပြီး သူ
အပြေးအလွှား ပြေးထွက်လာခဲ့လိုက်တယ် ။ လက်က
နာရီကိုလဲ ကြည့်ရင်း သူ့ခြေလှမ်းကျဲကျဲတွေက ခပ်
သွက်သွက်လှမ်းရင်း ခြံရှေ့တံခါးကို ဖွင့်လိုက်တယ် ။ဘုရားရေ! သူ ခြံတံခါးကို ဖွင့်ဖွင့်ပြီးချင်း ခြေနှစ်လှမ်း
လောက် ပြန်ပြီး နောက်ဆုတ်မိသွားတယ် ။" ဝမ်ရိပေါ်! "
ခြံရှေ့မှာ ကားတစီး နဲ့ ရောက်နေတဲ့ ရိပေါ်ကြောင့်
ရှောင်ကျန့် တကယ်ကို လန့်ဖြန့်သွားရတယ် ။ ဝမ်ရိပေါ်
ကတော့ ကားကိုမှီကာ မတ်တပ်ရပ်ပြီး ကတိုက်ကရိုက်
ပြေးထွက်လာတဲ့ ရှောင်ကျန့်ကို မျက်လုံးတွေက စုန်ချီ
ဆန်ချီ ခေါင်းအစ, ခြေအဆုံး ကြည့်နေသေးတယ် ။
သူ အခု ဘာလုပ်နေတာလဲ အိမ်ရှေ့ကြီးမှာလေ?" မင်း က ဘယ်လိုလုပ်ပြီး ငါ့အိမ်ရှေ့ကို ဟင် ရိပေါ်"
ရှောင်ကျန့် ဘာမှမသိထားဘူး ။ အခုလို ရိပေါ်က သူ့
အိမ်ရှေ့ကို ပေါ်တင်ကြီး ရောက်ချလာတဲ့ ကိစ္စဆို ပိုလို့
တောင် ဆိုးနေသေးတယ် ။ ဘာကိစ္စ ရိပေါ်က သူ့အိမ်
ရှေ့ကို အခုချိန်ထဲက ရောက်နေတာလဲ ။" တက် ! နောက်ကျနေပြီ "
ရိပေါ်က ခပ်တည်တည်ပဲ မျက်လုံးတွေ အဝိုင်းသားနဲ့
ရှောင်ကျန့်ကို ကားတံခါးတောင် အသင့်ဖွင့်ထားပေး
နေသေးတယ် ။ ရှောင်ကျန့်ကတော့ ပါးစပ်အဟောင်း
သား နဲ့ ရိပေါ်တလှည့် ကားကိုတလှည့် ကြည့်နေတယ်၊
VOCÊ ESTÁ LENDO
" You're the reason why I'm smiling again "
FanficPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣