ရှောင်ကျန့်ရဲ့အလုပ်ဆီ အားအားယားယားရှိနေတဲ့
ရိပေါ် တယောက်ရောက်ချလာတော့ ရှောင်ကျန့်မှာ
ဘေးလူတွေ အရိပ်အခြည်ကိုကြည့်ပြီး ဗျာများရတော့
သည် ။ စီရန်တောင် မပါဘဲ သူ့အလုပ်ခန်းလိုလို ဘာ
လိုလို ရုပ်တည်ကြီးနဲ့ လက်ထဲမှာ အထုပ်တထုပ်ကို
ဆွဲပြီး ရိပေါ်က ရောက်ချလာသည် ။ယွီရန်က ပြာပြာသလဲ ရိပေါ်ကို ကြိုဆိုတော့ ရှောင်ကျန့်
မှာ ရင်တထိတ်ထိတ်နဲ့ အခြေအနေကို ကြည့်နေရ၏ ။
သိတယ် ။ ရိပေါ်လာတာက သူ့ဆီကိုပဲဆိုတာ မပြော
လဲ သိနေပြီးသား ။ ဒါပေမဲ့ ပေါ်ပေါ်ထင်ထင်ကြီး မ
လုပ်လို့မရဘူးလား ဝမ်ရိပေါ်ရဲ့ ။ လာချင်ရင်တောင်
စီရန်နဲ့တော့ အတူလာမှပေါ့ ။ အခုတော့ မလာစဖူး
မင်းက တယောက်ထဲတောင် ရောက်ချလာတယ်ပေါ့ ။ရှောင်ကျန့် စိုးရိမ်နေတဲ့အတိုင်းပဲ ဝမ်ရိပေါ်က ခပ်တည်
တည်ပဲ သူ့ကို ဝမ်းသာအားရကြိုဆိုနေတဲ့ ယွီရန် နဲ့ အ
ပေါင်းအပါတွေကို ခေါင်းတချက်လောက်သာ အသိအ
မှတ်ပြုရုံ ညိတ်ပြခဲ့ပြီး လက်တဖက်က အထုပ်ကိုဆွဲ ၊
လက်တဖက်က ဘောင်းဘီ အိတ်ကပ်ထဲထည့်ကာ စ
တိုင်ကျကျ ရှောင်ကျန့်အလုပ်စားပွဲဆီ ဦးတည်လို့လာ
တယ် ။ ရှောင်ကျန့်မှာ မျက်နှာရိပ် မျက်နှာကဲတွေ
ပြပြီး ရိပေါ်ကို တားနေပေမဲ့ လုံးဝ တားမြစ်လို့ မရတဲ့
ရိပေါ်က မင်သေသေ မျက်နှာထားနဲ့ ဦးတည်လာနေဆဲ၊ခပ်တည်တည်ပဲ ရှောင်ကျန့်ရဲ့စားပွဲပေါ်ကို လက်ထဲက
အထုပ်ကို လာတင်ပေးတယ် ။ ရှောင်ကျန့်မှာ " သွား
ပါပြီ ရိပေါ်ရာ" လို့ ပါးစပ်က ပြောနိုင်ပြီး အံတကြိတ်
ကြိတ်နဲ့ အထုပ်ကိုဆွဲယူ အလုပ်စားပွဲအောက် ထိုးထည့်
လိုက်ရတော့တယ် ။" မင်း ဒီလိုတွေ မလုပ်နဲ့လေ "
ရှောင်ကျန့်က နှစ်ကိုယ်ကြား ကြားနိုင်ရုံ လေသံနဲ့ ရိပေါ်
ကို မော့ကြည့်ကာ မျက်မှောင်ကုတ်ပြီး ပြောပေမဲ့
ရိပေါ်ကတော့ သူ မဟုတ်သလို ခပ်တည်တည်လုပ်နေ
ဆဲ ။ ဘောင်းဘီအိတ်ကပ်ထဲ လက်နှစ်ဖက်ထည့်ပြီး
ဘယ်သူမှ လူမထင်တဲ့ပုံစံမျိုး လုပ်နေတုန်းပဲမို့ ရှောင်
ကျန့် မျက်နှာကို လက်နဲ့အုပ်ပစ်လိုက်တယ် ။
BINABASA MO ANG
" You're the reason why I'm smiling again "
FanfictionPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣