SMILE -09

6.1K 967 29
                                    

ရိပေါ်ရဲ့ပြိုင်ပွဲက ဒီကနေ့ပဲ စ,တယ် ။ ကံဆိုးတာက
ဒီနေ့က ရှောင်ကျန့်အတွက် တော်တော်လေး အလုပ်
များတဲ့ နေ့ဖြစ်နေတာပဲ ။  ရှောင်ကျန့်က ဒီနေ့ အပြီး
သတ်ရမဲ့ အလုပ်တွေလဲ ရှိနေပြီး ၊ Customer တွေ
နဲ့လဲ စကားပြောစရာတွေ ရှိနေသေးတယ် ။ အဲ့တာ
ကြောင့်ပဲ  ရိပေါ်ရဲ့ပြိုင်ပွဲစီ မသွားရလို့ စိတ်ထဲမှာလဲ
အားနာပြီး စိတ်မကောင်းလဲ ဖြစ်တယ် ။

တခါတခါ ရိပေါ့်ဆီ စိတ်ရောက်သွားပြီး တွေတွေဝေ
ဝေ ဖြစ်သွားတတ်တာကို  ဘယ်သူမှ မရိပ်မိအောင် သူ
အတော်လေး ထိန်းနေရသေးသည် ။ ဒီအချိန်ဆို ပွဲ စ
နေပြီလား ဆိုပြီး လက်ကနာရီကို တကြည့်ကြည့် လုပ်
နေတတ်သေးသည် ။

"  ရှောင်ကျန့် ဒီမှာ  စကားလာပြောလိုက်ပါဦး  !!
အလုပ်အပ်ဖို့ ရောက်နေတယ်  "

ဒီလိုနဲ့ပဲ  ရှောင်ကျန့် အလုပ်များနေရတာပါပဲ ။ ဒီကနေ့
မှ ဒီလိုအလုပ်ရှုပ်နေတာကိုလဲ ရှောင်ကျန့် သိပ်မကျေ
နပ်ချင်ဘူး ။ ဘာလို့ ဒီနေ့မှလဲ ။ တခြားနေ့ ဖြစ်ပေးလို့
မရဘူးလား ။

ရှောင်ကျန့် က အလုပ်ကိုလဲ လေးစားတတ်သူမို့ အ
လုပ်လုပ်နေချိန်တော့  ရိပေါ်ကို ခဏမေ့ထားပြီး သူ
ကြိုးကြိုးစားစားလုပ်နေတယ် ။ တခါတရံ နာရီကို မသိ
မသာကြည့်မိတတ်တာကိုတော့ ထည့်မပြောတော့ဘူး။
အတတ်နိုင်ဆုံး  အလုပ်ထဲမှာပဲ စိတ်နှစ်ထားလိုက်ပြီး
အကောင်းဆုံး  ကြိုးစားဆောင်ရွက်နေတယ် ။ အလုပ်
ကိစ္စ Customer နဲ့ စကားပြောပြီးတာနဲ့ အမြန်အ
တန်ပဲ ရှောင်ကျန့်တယောက်  သူ့ဖုန်းကို ပြေးဖွင့်တယ်။
ဒီအချိန်လောက်ဆို  ပြိုင်ပွဲက ပြီးတောင်ပြီးလောက်ပြီ ။

"  ဝါး! !! ဝမ်ရိပေါ်ကတော့ လုံးဝ ဆရာကြီးပါပဲ 
ဒီကောင်လေး ငယ်သာငယ်သေးတာ တော်လိုက်တာ"

ယွီရန် နဲ့ တချို့လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေက
ရိပေါ့်ပြိုင်ပွဲကို ကြည့်ပြီးပြီးချင်း ရိပေါ့်ကို ချီးကျူးစကား
ဆိုနေတာကို ကြားလိုက်ရတော့  ဖုန်းကို အသည်းအ
သန်ဖွင့်ပြီး ကြည့်နေတဲ့  ရှောင်ကျန့်ပြုံးရွင်သွားတယ် ။
သူတို့ Gp Chat ထဲမှာ ရိပေါ် ဆုယူနေတဲ့ ပုံတွေကို
စီရန်က ပို့ထားပြီး  ရိပေါ့်အတွက် ဂုဏ်ပြုစကားဆိုနေ
ကြသေးတယ် ။  သူကတော့ ရိပေါ်ကို သီးသန့်ပဲ ဂုဏ်
ပြုစကား ပြောမယ် ။

" You're the reason why I'm smiling again "Tempat cerita menjadi hidup. Temukan sekarang