SMILE -05

6.2K 891 8
                                    


မနက်ထဲက ရိပေါ်ကို ဒီလေ့ကျင့်ကွင်းထဲမှာ မြင်နေရ
တာ ကြာနေပြီ ။ သူ ဘယ်ချိန်ထဲက ရောက်နေသလဲ
ဘယ်သူမှ မသိကြဘူး ။ သူတို့အကုန်စ,ရောက်ထဲက
ပြင်းပြင်းထန်ထန် လေ့ကျင့်နေတဲ့ ရိပေါ်ကို တွေ့ရတာ
ပဲ ။ သေချာတာကတော့ သူတို့ ဒီရက်ပိုင် ဘာပြိုင်ပွဲမှ မ
ရှိဘူးဆိုတာပဲ ။ ဒါဖြင့် ရိပေါ်က ဘာလုပ်နေတာလဲ ။

" အိုးဟိုး ! ရိပေါ် ကြမ်းလိုက်တာ မိုက်ချက်ပဲ ဝိုးဝိုး!"

အခုမှ ရောက်လာတဲ့ စီရန်က အခြေအနေကို မသိဘဲ
လက်ခုပ်တီးပြီး လေ့ကျင့်ကွင်းထဲက ရိပေါ်ကို အားပေး
အားမြှောက်လုပ်နေသေးတယ် ။ ရိပေါ်ကတော့ ဆိုင်
ကယ်ကို အရှိန်ပြင်းပြင်းနဲ့ မောင်းနေတာ ပြေးလမ်း
တလျှောက် ရင်ထိတ်ဖို့ကောင်းနေတယ် ။

" စီရန်! ရိပေါ် ဘာဖြစ်နေလဲ သိထားလား ? "

စီနီယာဟိုက်ဆန်းက စီရန်အနားမှာ လက်နှစ်ဖက်စလုံး
ခါးမှာထောက်ထားပြီး ကွင်းထဲက ရိပေါ်ကို လှမ်းကြည့်
တယ် ။ ရိပေါ် ဒီဆိုင်ကယ်ပေါ်က မဆင်းတာ ကြာနေ
ပြီ ။

" ဘာဖြစ်လို့လဲ သူ အကောင်းကြီးပဲမဟုတ်ဘူးလား"

" ငတုံး ! ရိပေါ် ထူးဆန်းနေတယ်လေ "

နောက်ထပ် စီနီယာပိုင်ရွဲ့ က စီရန်ခေါင်းကို သူ့လက်ထဲ
က စာအုပ်နဲ့လှမ်းရိုက်တယ် ။ သူတို့ အကုန်လုံး ကွင်း
ထဲက ရိပေါ်ကို လှမ်းကြည့်ပြီး အကဲခတ်နေကြရသည်။
ထူးဆန်းတယ် ။ရိပေါ် တော်တော့်ကိုထူးဆန်းနေတယ်။

ရုတ်တရတ် အကွေ့တနေရာအရောက် ချော်ထွက်ပြီး လဲ
ကျသွားတဲ့ ရိပေါ်ကြောင့် သူတို့တွေအကုန် ထိတ်လန့်
တကြီး ထအော်မိသွားကြတယ် ။

" ဝမ်ရိပေါ်!!! မင်းအဆင်ပြေရဲ့လား "

ရိပေါ်ဆီ ပြေးသွားကြပြီး လဲနေတဲ့သူ့ကို အတင်းပြေးထူ
ကြတယ် ။

" ရတယ် ရတယ် အဆင်ပြေတယ် "

အများကြီး ထိခိုက်မသွားတာ တော်သေးတယ် ။ တံ
တောင်ဆစ်တွေ ၊ ဒူးဆစ်တွေပဲ ပွန်းပဲ့ကုန်တယ် ။လက်
ဖဝါးမှာတော့ ကွဲကြောင်းတခု ဖြစ်ပြီး သွေးတွေ တော်
တော်ထွက်လာတယ် ။ဒီရိပေါ်က ခေါင်းမာသေးတယ်။
ဘာမှမဟုတ်သလိုနဲ့ ကုန်းကြုံးထားတာ မနည်း ပြန်ဆွဲ
ထားရတယ် ။ ဦးထုပ်ပဲဆောင်းပြီး အကြမ်းမောင်းနေ
တာ ဘယ်လောက်အန္တရာယ်များလိုက်သလဲ ။

" You're the reason why I'm smiling again "Dove le storie prendono vita. Scoprilo ora