ယွီရန်က ဝမ်ရိပေါ်ရဲ့အကြောင်း ဒိုင်ခံပြောပြနေတာကို
အားလုံးက အံ့သြတကြီး နားထောင်နေရတယ် ။ " ဒီ
ကောင်လေးက ဒီလောက်အထိ အသက်ငယ်သေးသ
လား ၊ ငယ်ငယ်လေးနဲ့ ဒီလိုအန္တရာယ်များတဲ့ ပြိုင်ပွဲတွေ
ဝင်ပြိုင်နိုင်တာလား ၊ အသက်ကလေးမှ မလိုက် ရုပ်က
တည်လှချည်လား " စသည် စသည် ရိပေါ်အကြောင်း
တွေကို စိတ်ဝင်တစား ပြောနေကြတာကို ရှောင်ကျန့်
မသိမသာ နားစွင့်မိသည် ။ယွီရန်ကတော့ ရိပေါ်က တကယ်ကို ကြိုးစားတဲ့ ကောင်
လေးတယောက်အဖြစ် ချီးကျူးဂုဏ်တင်လေ့ရှိတယ် ။
သူလုပ်ချင်တာကို အဆုံးထိ ဖြစ်မြောက်အောင် လုပ်
တတ်တဲ့ ရိပေါ်ကို ယွီရန် သဘောကျလို့ မဆုံးဘူး ။ ဒီ
လို ရိပေါ့်ကောင်းကြောင်းလေးတွေ ကြားကျတော့
ရှောင်ကျန့် မပြုံးပဲ မနေနိုင်ဘူး ။ ဒီကောင်လေးက ကြိုး
စားတတ်ပြီး ထက်မြက်တဲ့ ကောင်လေးပဲ ။ဒီလိုနဲ့ပဲ ယွီရန်က သူတို့ အလုပ်ကသူငယ်ချင်းအပေါင်း
အဖော်တွေနဲ့ ရိပေါ်ခေါ်ပြီး မိတ်ဖွဲ့ပေးတော့မည်။သေ
ချာတယ် ။ ရိပေါ်က ဒါမျိုးကို ကြိုက်မှာမဟုတ်ဘူး။လူ
အများကြီးနဲ့ စကားအများကြီး ပြောနေရတာမျိုး ရိပေါ်
က သဘောကျတတ်တဲ့လူမျိုးမှ မဟုတ်တာ ။ ယွီရန်ကို
တားဖို့လုပ်ပေမဲ့ စကားတော်တော်လွန်ထားပြီးပြီမို့
တားမရတော့ဘူး ။ယွီရန်က Gp Chat ထဲမှာ ရိပေါ်ကို စကားစပြောနေ
တယ် ။ ရှောင်ကျန့် ဘာမှဝင်မပြောဘဲ အသာလေး
ငြိမ်ပြီး ရိပေါ်ဘက်က စာပြန်မှာကို စောင့်လိုက်တယ်။" ရိပေါ်! ဒီည အကိုတို့အဖွဲ့တွေ စားပွဲသောက်ပွဲရှိလို့
လာမလား စီရန်နဲ့တူတူလိုက်ခဲ့ပါလား "" ဘယ်သူတွေနဲ့လဲ "
ရှောင်ကျန့် သိပြီးသား ။ ရိပေါ်က လူများရင် လာမှာ မ
ဟုတ်ဘူး ။ သူ ငြင်းမှာ အသိသာကြီးပဲကို ။" အကိုတို့ ရုံးက လူတွေအကုန်ပါတယ် မင်းတို့ကိုလဲ
လာစေချင်လို့! သူတို့က မင်းကို သဘောကျကျတယ်"" ရုံးက လူတွေအကုန်လုံးလာမှာလား "
ရိပေါ်က ထပ်မေးနေတယ် ။ သူက သေချာအောင် စစ်
မေးနေသလိုပဲ ။ ဘာကို သေချာစေချင်နေတာလဲ ။
ESTÁS LEYENDO
" You're the reason why I'm smiling again "
FanficPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣