SMILE ️- 01

22.5K 1K 24
                                    

SEEING YOU SMILE MAKES ME
SMILE TOO.

Wang YiBo,
___________________________________\\

ဒီကနေ့က အလုပ်နားရက်ဖြစ်နေပေမဲ့ ရှောင်ကျန့်က
တော့ သူငယ်ချင်းဖြစ်သူပိုင်ယွီရန် ဆီကို ရောက်လာခဲ့
တယ် ။ နားရက်ကလေးမှာ ဒီကောင်နဲ့ သွားစရာနေရာ
လေးပေါ်လာတော့ အိမ်မှာပဲ နားနားနေနေ မနေရဘဲ
ထွက်လာခဲ့ရတယ် ။

အောက်ခံအဖြူရောင်တီရှပ်ပေါ် အပြာနုရောင်ရှပ်အင်္ကျီ
လက်ရှည်ကိုထပ်ဝတ်ထားပြီး အင်္ကျီလက်ကို တံတောင်
ဆစ်ထိ သပ်သပ်ရပ်ရပ်လေး စိတ်ရှည်လက်ရှည် သူ
ခေါက်တင်ထားလိုက်တယ် ။ ခပ်သွက်သွက်ခြေလှမ်း
ကျယ်ကျယ်တွေက သူ့ပုံမှန်လမ်းလျှောက်နှုန်းထားပင် ။
သွားတွေပေါ်အောင် ပြုံးရယ်ကာ ယွီရန်ကို သူလှမ်းခေါ်
လိုက်တယ် ။

"  ယွီရန်  မင်းဘာလုပ်နေတာလဲ ”

သူ့အိမ်သူ့ယာထဲမှာရှိနေတာတောင် လှေကားရင်းမှာ
မတ်တပ်ရပ်ကာ အိမ်အပေါ်ထပ်ကို ခိုးကြောင်ခိုးဝှက်
ခေါင်းမော့ငေးနေတဲ့ ယွီရန်က သူ့အသံကြောင့် ပြာပြာ
သလဲ  နူတ်ခမ်းပေါ်လက်ညိုးတင်ပြရင်း တိတ်တိတ်နေ
ဖို့ သတိလှမ်းပေးတယ် ။

ယွီရန် မင်းကတော့ ပေါက်ကရတွေလုပ်ပြန်ပြီလား။

သူလဲ ယွီရန်နားကို သွားမတ်တပ်ရပ်လိုက်ပြီး ယွီရန် နဲ့
တူတူ ကြောင်တိကြောင်တောင်နိုင်စွာ အပေါ်ထပ်ကို
ခေါင်းမော့ငေးလိုက်တယ်။ဒါပေမဲ့ရှောင်ကျန့်တယောက်
ဘာထူးခြားမှုကိုမှ တွေ့မနေရဘူး ။

" ဘာလဲ  မင်းနောက်နေပြန်ပြီလား  ယွီရန် ”

သူ ယွီရန်ရဲ့ လက်မောင်းကို ဖြတ်ရိုက်ပစ်လိုက်တယ် ။
ဒီအကျင့်လေး ပြင်ပါဟ ။ အမြဲတမ်း သူများကိုနောက်ဖို့
စဉ်းစားမနေနဲ့ ။

သူနဲ့ယွီရန် လှေကားနားမှာရှိနေတုန်း အိမ်အပေါ်ထပ်
ကနေ ဆင်းလာတဲ့ လူနှစ်ယောက်ကြောင့် ခေါင်းမော့
ကြည့်လိုက်တယ် ။ တယောက်က ယွီရန်ရဲ့ညီဖြစ်သူ
စီရန် နောက်တယောက်ကတော့ သူလဲ မသိဘူး ။ သူ
ကအပေါ်ကိုအငေး၊လှေကားပေါ်ကလူကအောက်ကိုငုံ့အ
ကြည့် ဆုံသွားတဲ့ အကြည့် ။

" You're the reason why I'm smiling again "Onde histórias criam vida. Descubra agora