ဆိုင်ထဲကနေ အပြင်ကိုခေါ်ထုတ်လာတော့ မပွင့်တပွင့်
မျက်လုံးလေးတွေနဲ့ ရိပေါ်နောက်ရာနောက် ကောက်
ကောက်ပါအောင်လိုက်လာသည် ။ တခြားသူတွေ သိ
ကုန်မှာစိုးလို့ ဖုံးဖိနေတာလဲ ခင်ဗျား ၊ အကုန်လုံးရှေ့မှာ
" ငါ့မှာ ရိပေါ်ရှိတယ် " ဆိုပြီး ပြောပြပစ်တာလဲ ခင်
ဗျားပါပဲ ။ လုပ်စမ်းပါဦး ရှောင်ရှောင်ကျန့်ရဲ့ ။ ဒီကောင်
ကို ခင်ဗျားက ဘယ်အထိ ရူးသွပ်စေဦးမှာပဲ ။ကျွန်တော်ကလဲ ခင်ဗျားနဲ့မှဗျာ အံ့သြသင့်စရာတွေကြီး။
" ရိပေါ် ထိုင်ဦးမယ် ဟိုမှာ "
လမ်းဘေးက ခုံတန်းကို နူတ်ခမ်းတွေစူထားပြီး လက်
ညိုးထိုးပြလေတော့ ရိပေါ်မှာ ကောက်ပွေ့ပြီး ကားထဲ
သာပစ်ထည့်လိုက်ချင်ပြီ ။ အေးတယ်လေဗျာ ။ ဒါပေမဲ့
ဒီအမူးသမားလေးက ချစ်စရာကောင်းအောင် နေပြ
တာမို့ ရိပေါ်မှာ အင်တင်တင်နဲ့ ခုံတန်းဆီခေါ်လာပေး
ရသည် ။ ခုံမှာဝင်ထိုင်ပြီး သူ့ဘေးနေရာကို လက်နဲ့ပုတ်
ပြပြီး ဝင်ထိုင်စေချင်တဲ့သဘောပြသည် ။" အေးတယ်လေဗျာ "
တကယ်တမ်းတော့ ရိပေါ်က ရှောင်ကျန့်ဘေးမှာ ဝင်
ထိုင်လိုက်ပြီး မူးပြီး နီရဲနေတဲ့ ရှောင်ကျန့်ရဲ့မျက်နှာ
လေးကို မလွတ်တမ်းကြည့်တယ် ။ အောက်နူတ်ခမ်း
လေးက ထော်ထွက်နေပြီး ရိပေါ်ဘက်ကို မကျေမနပ်
အကြည့်လေးနဲ့ ကြည့်လာတော့ ရိပေါ်က ပြုံးတယ် ။" ရှောင်ကျန့်. ခင်ဗျားက ဘယ်နနှစ်သားလဲ "
" သုံးနှစ်သား "
ရိပေါ် အသံထွက်တဲ့အထိ ရယ်ပစ်လိုက်တော့တယ်။မူး
နေတဲ့ ဒီသုံးနှစ်နှစ်သားလေးက ချစ်စရာ ကောင်းလွန်း
နေတာမို့ ရိပေါ် အသည်းတယားဖြစ်ရသည် ။ ဘယ်သူ
ထင်မှာလဲ ဒီလူက အသက် ၂၅နှစ်လောက် ဖြစ်နေပြီ
ဆိုတာ ။ ပြောရရင် ရိပေါ်တောင် မယုံခဲ့ဘူး ။အခု
တော့ သူပြောသလို သုံးနှစ်နှစ်သားလိုပဲ ။" ကျွန်တော်တော့ ကလေးကို ချစ်မိနေတာပဲ "
သူ့စကားသူ သဘောကျပြီး ခေါင်းငုံ့ကာ ခပ်တိုးတိုးရယ်
နေတုန်း သူ့ပါးနှစ်ဖက်ကို အုပ်ကိုင်လာပြီး မျက်နှာကို
ဆွဲမော့လိုက်တဲ့ ရှောင်ကျန့်ကြောင့် ရိပေါ် မျက်လုံး
တွေပြူးကျယ်သွားတယ် ။ အမူးသမား သုံးနှစ်သားက
တော့ အောက်နူတ်ခမ်းကိုထော်ထွက်ထားပြီး မှုန်ကုတ်
ကုတ် မျက်နှာထားနဲ့ ရိပေါ်ကို စတင်ရစ်ဖို့ပြင်သည် ။
YOU ARE READING
" You're the reason why I'm smiling again "
FanfictionPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣