ရှောင်ကျန့် ဒီကနေ့မှ Gp chat ထဲမှာ ရိပေါ် ရှိနေ
မှန်း သိသွားတယ် ။ တကယ်တော့ စီရန်က သိပ်မကြာ
ခင် ပြိုင်ပွဲတခုဝင်ပြိုင်ဖို့ အတွက် လေ့ကျင့်နေတဲ့ ရိပေါ်
ပုံတွေကို Gp ထဲ ပို့ပေးခဲ့တာကြောင့်ဖြစ်တယ် ။ ပုံထဲ
မှာတောင် ခပ်တည်တည်နဲ့ရိပေါ်ပုံက ကြည့်ကောင်းနေ
တယ် ။အသက်အရွယ် ငယ်ငယ်လေးက ဒီကောင်လေး
က အရမ်းကို တည်ငြိမ်တာကတော့ အံ့သြလောက်
တယ် ။ပိုဆိုးတာက စကားအပြောအဆိုကလဲ ကောင်း
ကောင်းမွန်မွန် မပြော ၊ သူထင်ရာ သူမှန်ရာကို တဇွတ်
ထိုးပြောတတ် ၊ လုပ်တတ်တဲ့ ကောင်လေးမျိုး ။ရှောင်ကျန့်အတွက် ရိပေါ်လိုကောင်လေးမျိုး တခါမှ မ
တွေ့ မမြင်ဖူးခဲ့ဘူး ။" ဒီကောင်လေးက အမြဲတမ်း ကြည့်ကောင်းနေတာပဲ
နော် ရှောင်ကျန့် ၊ အသက်အရွယ်နဲ့ မလိုက်အောင်လဲ
ကြိုးစားတယ် "ယွီရန်က ရိပေါ်ပုံတွေကို ကြည့်ပြီး ချီးကျူးနေသေးတယ်
ဒီကောင်လေးက ချီးကျူးထိုက်ပါပေတယ် ။ မချီးကျူး
ထိုက်ကတော့ သူ ငါ့ကို အတင်းကြီး နှစ်ခါတိတိ နမ်း
သွားပြီး သဘောကျကြောင်း ပြောသွားတဲ့ ကိစ္စပဲ ။ ဒီ
ကိစ္စကြီး အစ,ဖော်ရရင် ရှောင်ကျန့်မျက်နှာ ဘယ်နား
သွားထားရမှန်းကို မသိတော့ဘူး ။ ယွီရန် ၊ စီရန် တို့
သာ သိကြည့်ပါလား ဘယ်လောက် စ,ကောင်းလိုက်
မလဲ ။" ရှောင်ကျန့်  ငါ့ကို တချက်လောက် လာကြည့်ပေးပါ
ဦး "သူငယ်ချင်းတယောက်က လှမ်းခေါ်တာမို့ ရှောင်ကျန့်
သူ့နေရာကနေ ထ,ထွက်သွားလိုက်တယ် ။ တော်ပြီ ။
အလုပ်မှာ အဲ့ဒီကောင်လေး အကြောင်း မစဉ်းစားတော့
ဘူး ။ ခေါင်းကို ခါယမ်းထုတ်ပစ်လိုက်တော့သည် ။သူ နဲ့ ယွီရန် နေ့လည်ပိုင်းဆို ထုံးစံအတိုင်း အောက်
ထပ်က ကော်ဖီဆိုင်ကို ဆင်းထိုင်ကြလေ့ရှိတယ် ။ သူ
တို့ ထိုင်နေကြတုန်း ကွက်တိ ရောက်လာသူတွေကြောင့်
ရှောင်ကျန့် ချက်ချင်းတောင် ထ,ထွက်လာချင်စိတ် ရှိ
သွားတယ် ။ဝမ်ရိပေါ် နဲ့ စီရန်က ဒီရက်ပိုင်းသူတို့ဆီကိုပဲ အလာများ
နေတာကြောင့် ရှောင်ကျန့် ဘယ်ကိုမှ ပြေးမလွတ်နေ
ဘူး ။ အမြဲတမ်း ရိပေါ်နဲ့ မျက်နှာချင်းဆိုင်ရလေ့ရှိတယ်၊
ဝမ်ရိပေါ်နဲ့ ဒီတခါ မျက်နှာချင်းဆိုင်ရတာ သိပ်ကို ခက်
ခဲနေတာ ပြသာနာပဲ ။ရိပေါ်ကတော့ တည်ငြိမ်နေပေမဲ့
ရှောင်ကျန့်က မျက်လုံးအကြည့်တွေ ဂနာမငြိမ် ဖြစ်နေ
တယ် ။ သူ ထ,ထွက်ချင်နေပြီ ။
![](https://img.wattpad.com/cover/197266119-288-k695220.jpg)
YOU ARE READING
" You're the reason why I'm smiling again "
FanfictionPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣