အခုရက်ပိုင်း ဝမ်ရိပေါ်က ခဏခဏ ပြုံးနေတယ်။စီရန်
တို့ အချင်းချင်းတောင် လက်တို့ ပြီး ရိပေါ်ဘက်ကို မေး
ဆတ်ပြကာ တီးတိုးပြောနေကြတယ် ။ စီနီယာတွေက အစ ရိပေါ် ခဏခဏ ပြုံးနေတာကို သတိထားမိလာကြ
ပြီး စီရန်ကို တယောက်ပြီးတယောက် တိုးတိုးဝှက်ဝှက်
လာမေးနေကြပြီ ။ရိပေါ် ကောင်မလေး ရှိနေပြီလားတဲ့။မဖြစ်နိုင်တာ ။ ရိပေါ်မှာ ကောင်မလေး ရှိပါ့မလား လို့
စီရန် ပြောပြနေရတယ် ။ ဒါဖြင့် ရိပေါ် ဘာကြောင့် ပြုံး
နေသလဲလို့ မေးလာရင်လဲ သူ မသိပြန်ဘူး ။ ရိပေါ်က
အခုရက်ပိုင်း ဖုန်းပဲ ကြည့်ပြီး ရယ်,ရယ်နေတတ်တာ ။လွန်ခဲ့တဲ့နှစ်ရက်လောက်က စီရန်တယောက် ရိပေါ်ကို
သူတို့ Gp Chat ထဲထည့်ပေးလိုက်ရာက ဇာတ်လမ်း
က စလာတာပဲ ။ Gp ထဲမှာက ယွီရန် ၊ စီရန် နဲ့ ရှောင်
ကျန့်တို့ပဲ ရှိနေတာ ။ အခုတော့ ရိပေါ်ပါ တိုးလာပြီ ။
Gp chat ထဲမှာ ရိပေါ်ရှိနေတာကို သတိမထားတာ
က ရှောင်ကျန့် တယောက်ပဲ ရှိမယ်ထင်တယ် ။ ယွီရန်
က အမြဲတမ်း ရှောင်ကျန့်ရဲ့ Snap တွေကို Gp ထဲ
ပို့ပြီး စ,နောက်လေ့ရှိတယ် ။ ဒီပုံတွေကို ရှောင်ကျန့်
တွေ့ရင် ဆဲဆိုတော့တာပဲ ။ ပြီးရင် ယွီရန်နဲ Gp ထဲမှာ
သတ်ကြတယ် ။ ရှောင်ကျန့်ကိုဆို ယွီရန် နဲ့ စီရန် ညီ
အကိုနှစ်ယောက်က အတူပေါင်းစကြတော့တာပဲ ။ရိပေါ်က စကားဝင်မပြောပေမဲ့ ပို့သမျှစာတွေကို အကုန်
လိုက်ဖတ်တယ် ။ ပြီးရင် ရှောင်ကျန့်ပုံတွေကို ကြည့်ပြီး
ရယ်တယ် ။ ပုံတွေကို တကူးတက သိမ်းထားလိုက်
သေးတယ် ။သူ့ကိုယ်သူ ရှောင်ကျန့်နဲ့ ပတ်သက်လာရင်
မူမမှန်နေဘူးဆိုတာကို သတိမထားမိသေးဘူး ။✉ အိုက်ယိုး! ငါတို့ ရှောင်ကျန့်လေး ပင်ပန်းနေပြီ ✉
ယွီရန် က စားပွဲပေါ် ခေါင်းမှောက်ပြီး အိပ်နေတဲ့ ရှောင်
ကျန့်ပုံကို Gp ထဲ ပို့ပြီး စ,လာပြန်တယ် ။ ခဏနေ
တော့ စီရန်ဆီက စာထပ်ဝင်လာတော့တယ် ။✉ ငါတို့ ရှောင်ကျန့်လေး ညက ဘာတွေကြည့်နေလို့
အိပ်ရေးပျက်နေတာလဲ !? မရိုးမသားတွေသိပ်လုပ်✉✉ ကျေးဇူးပြုပြီး မင်းတို့ ပါးစပ်တွေ ပိတ်ထားပေးကြ!
မဟုတ်တာတွေ မပြောစမ်းနဲ့ ငါက လူရိုးသားလေး ✉

YOU ARE READING
" You're the reason why I'm smiling again "
FanfictionPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣