ရိပေါ်က သူတယောက်ထဲနေတဲ့အိမ်ဆီ ရှောင်ကျန့်ကို
ခေါ်သွားတယ် ။ ဒီနေရာက ဘယ်သူ့ကိုမှ အသိမပေး
ထားဘဲ ရိပေါ်က တယောက်ထဲ သီးသန့်နေဖို့ ဝယ်
ထားတာ သိပ်မကြာသေးဘူး ။ တခါတလေ သူ အိမ် မ
ပြန်ချင်တဲ့အခါ ဒီမှာပဲလာပြီး အချိန်ဖြုန်းလေ့ရှိတယ် ။
ရိပေါ်က ဒီအသက်အရွယ်လေးနဲ့ ဒီအိမ်တလုံးကို ဝယ်
ထားနိုင်တဲ့အထိ သူ့ဝင်ငွေက တအားကောင်းတယ် ။ခြံဝင်းထဲ ကားဝင်သွားလိုက်တော့ တထပ်တိုက်အိမ်
လေးက တကယ့်ကို နေချင်စဖွယ်လေးမို့ ရှောင်ကျန့်
မှာ ရိပေါ်ကို စိတ်ဆိုးဖို့တောင် မေ့လျော့သွားသည် ။
ရိပေါ်က ဒီလိုနေချင်စဖွယ်နေရာလေးတွေကို သဘော
ကျတယ်ပေါ့ ။ ဒီလို ချစ်စရာကောင်းတာတွေကိုလေ ။
ဒီနေရာလေးမှာ ရိပေါ်တယောက်ထဲ အေးအေးသက်
သာ ကောင်းကောင်းကြီး နေဖို့ လွတ်လပ်လွန်းတယ် ။" ရိပေါ် ဒါတကယ်ပဲ မင်းဝယ်ထားတဲ့ အိမ်ပေါ့ ။
မင်း အရွယ်နဲ့ အိမ်တလုံးတောင် ဝယ်နိုင်နေပြီပေါ့
အထင်ကြီးလောက်စရာပဲ ဝမ်ရိပေါ် "ရှောင်ကျန့်က ဒီအိမ်လေးကို တော်တော် သဘောကျ
နေပုံရတယ် ။ အိမ်တံခါးကို တွန်းဖွင့်ပြီး ဝင်သွားတဲ့
ရှောင်ကျန့်နောက်ကို ရိပေါ် က မျက်နှာထက် အပြုံးကြီး
ချိတ်ဆွဲလို့ တဖြေးဖြေးချင်း လိုက်သွားသည် ။ရှောင်ကျန့် ထင်ထားတာက ရိပေါ်နေတဲ့အိမ်က ဒီလို
ုခြံဝင်းနဲ့သီးသန့်အိမ်ကလေးဖြစ်နေလိမ့်မယ်လို့ကို မ
ထင်ထားတာ ။ တိုက်ခန်းကောင်းကောင်း တခန်း
လောက်ပဲ သူ ထင်ထားခဲ့တာပါ ။ ဒီလိုကျတော့လဲ
ရိပေါ်မှာ စိတ်ကူးကောင်းလေး ရှိနေသေးတာပဲ ။" ဒီနေရာကို ကျွန်တော် ခင်ဗျားကိုပဲ ပေးသိတာ "
" တကယ်လား ဒီနေရာကို ငါပဲ သိတာပေါ့ "
ရှောင်ကျန့်က သဘောတကျ ပြုံးတယ် ။ ရှေ့ယုန်သွား
လေးတွေ ပေါ်တဲ့အထိကို ပြုံးရယ်လိုက်သေးတယ် ။
နူးနူးညံ့ညံ့ ရိပေါ့်အကြည့်တွေက သူ့ရှေ့က ရှောင်ကျန့်
တယောက်ထဲ အတွက်ပဲလို့ ခွဲခြားသတ်မှတ်ထားပုံရ
တယ် ။ ဘယ်သူ့မှ ဒီလိုအကြည့်မျိုး ရိပေါ်ဆီက ရဖူး
မယ်မထင်ဘူး ။
YOU ARE READING
" You're the reason why I'm smiling again "
FanfictionPLEASE DON'T SMILE I DON'T WANNA FALL IN LOVE AGAIN ❣YIZHAN❣