((Zawgyi))
Chanyeol တစ်ယောက် အကောင်ပုစိလက်ထဲ အနမ်းခံလိုက်ရထဲက ကြောင်တိကြောင်ကြား ဖြစ်သွားကာ ကျောင်းသွားဖို့တောင် မေ့သွားရတဲ့အထိ... ။
ငါ့ရဲ့ ပထမဆုံးအနမ်းကို ဒီ၆လက်မ အကောင်လေးစီမှာ ပေးလိုက်ရပြီတဲ့လား
အမလေး အိုမားရေ သားကို ကယ်ပါဦး
အခုက အနမ်း နောက်ဆိုသားကိုပါ အပိုင်သိမ်းတော့မလား မသိဘူး
လက်ခံထားမိတာတောင် မှားတယ်
ထိုထဲက ပေါက်စကို လျှော့မတွက်သင့်ကြောင်း chanyeol အကြီးအကျယ်ကို သဘောပေါက်ကာ သတိကြီးကြီး ထားလိုက်ပြီပင်ဖြစ်သည်။___L.B
မနက်ခင်းအတန်းပျက်ကွက်လိုက်ရပေမဲ့ နေ့လည်တန်းကတော့ မဖြစ်မနေ တက်ရမှာမလို့ စိတ်အာရုံကို
စုစည်းပြီး ကျောင်းသွားဖို့ ပြင်ဆင်ရ၏ ။”B လေး ,ငါ ”
ငါဆိုတဲ့ အသုံး သုံးလိုက်တာနဲ့ စားပွဲပေါ် မတ်တပ်ရပ်နေတဲ့ B ပုစိက မျက်လုံးရွဲကြီးနဲ့ မော့ကြည့်လာသည်။
”အေးပါကွာ, ကိုကို ဟုတ်ပြီလား
ကိုကို ကျောင်းသွားတော့မယ်
အိမ်မှာ လိမ်လိမ်မာမာ နေခဲ့နော် ”သူ့စိတ်ကြိုက် ' ကိုကို ' ဆိုတဲ့ အသုံးလေး သုံးပေးတော့
ဖြီးတက်လာတဲ့ မျက်နှာလေးဆိုတာ mochi လုံးလေးကျနေ..။”ကိုကို!!! ”
အိမ်ပေါ်ထပ်မှာ ထားခဲ့ရင် အောက်တွေ ဘာတွေ ပြုတ်ကျမှာစိုးလို့ အောက်ထပ်က ဧည့်ခန်းမှာပဲ B လေးကို ထားခဲ့လိုက်၏ ။
ကျောက် စားပွဲခုံ အဖြူ မှာ နေရာယူထားတဲ့ B လေးက ကျောင်းသွားဖို့ အိမ်က ထွက်တော့မဲ့ chanyeol ကို အော်သံကျယ်ကျယ်နဲ့ လှမ်းခေါ်လာသည်။
B လေးက အကောင်သေးပေမဲ့ အသံကတော့ ပုံမှန် လူတစ်ယောက်အသံလိုပင်..။
အကောင်သေးလို့ အသံပါ မတိုးသွား..။အထဲ ပြန်မဝင်လာတဲ့ Chanyeol ကို စိတ်မရှည်စွာပင်
Chanyeol စီသွားဖို့ သူ မတ်တပ်ရပ်နေနေတဲ့ ကျောက်ခုံဖြူ ပေါ်ကနေ အောက်ကို ခုန်ချလိုက်သည်မှာ တန်းခနဲ..။”ဘုတ် ”
ပြုတ်ကျသံနဲ့အတူ ကြမ်းခင်းပြင်မှာ မှောက်ရက်ကလေးလဲကျနေတဲ့ little B