L.B 9

3.4K 550 89
                                    

[Zawgyi]
မိုးလင်းထဲက တက်ကြွနေတဲ့ အကောင်ပေါက်စ

အပြင်သွားမယ် ဆိုတာနဲ့ အရမ်းအရမ်းကို မြူးတူးနေသည်။

”ကိုကို ”

ကုတင်ပေါ်မှာ မတ်တပ်ရပ်ပြီး chanyeol ကို လှမ်းခေါ်သည်။
Chanyeol က ကြမ်းပြင်မှာ ထိုင်ချလာတော့
B ပုစိနဲ့ အရပ်က တစ်တန်းထဲ အနေအထားဖြစ်လို့သွားသည်။
ဒါကိုပဲ ဂျပုပေါက်စက သူနဲ့ chanyeol အရပ်ကို  လက်နဲ့ တပြေးတည်း ဆိုပြီး လုပ်ပြသေးသည်။

တခိခိနဲ့ အရပ်တူတာကို ရယ်ပြီး သဘောတွေ ကျနေသေး

"ဂျပု တွေများ သိပ်ခက်တယ်" လို့ chanyeol တွေးမိသေးသည်။
လူကြည့်တော့ သူ့လက်ညိုးလောက်ပဲ ရှိမဲ့ ဟာက ><

ထပ်ပြီး...

လက်နှစ်ဖက်ကို မြောက်ပြပြီး အကျီစွတ်ခိုင်းနေတဲ့ ပေါက်စ
ခြေထောက်အစုံက လှုပ်ရွလှုပ်ရွ နဲ့...

အဝါရောင်တောက်တောက် အကျီလေးကို chanyeol စိတ်ကြိုက်ရွေးတော့
B ပေါက်စက သဘောကျကြောင်းနဲ့ ခေါင်းလေး တညိမ့်ညိမ့် လုပ်နေပြန်သည်။

B လေးရဲ့ လက်သေးသေးလေးကို အသာကိုင်ကာ လက်ပေါက်ထဲ ထိုးထည့်ရင်း ဝတ်ပေးရသည်။
စားသောက်နေလို့ ပူတင်းလုံးလေး ဖြစ်နေတဲ့ ဗိုက်ဖြူဖြူလေးကလည်း အသည်းယားဖွယ်
ဆွဲမချရသေးတဲ့ တင်နေသေးတဲ့ အကျီက ပူနေတဲ့ ဗိုက်လုံးလုံးလေးမှာ တစ်နေတာက croptop ဝတ်ထားတဲ့ pooh လိုပဲ.. ။

ချန်းယောလ် B ငယ်ရဲ့ ဗိုက်လုံးလေးကို အသည်းယားလို့ လက်ညိုးနဲ့  ပွတ်မိတော့ တဟိဟိ နဲ့ သဘောကျလွန်းလို့ ရယ်နေတဲ့ အကောင်ပေါက်

အကျီကို မဆွဲချပေးသေးဘဲ ဗိုက်လေးကို လေနဲ့ တဗူးဗူး မှုတ်ပြန်တော့ နောက်ပြန် ပက်လက်လေး လဲကျသွားပြီး လက်ခါခါ နဲ့ အတောမသတ်အောက် ရယ်နေတာလေးက
ဆံနွယ် ပန်းရောင်လေးတွေကလည်း ခေါင်းလေးလှုပ်နေတော့ ယိမ်းနွဲ့လျက်... ။

Chanyeol စတာကို အလွန် ပျော်နေတာလေး

”ကိုကို B  ငယ် ယားတယ် ခစ်ခစ် ”

Chanyeol လက်ညိုးကို သူ့လက်ပုစိ နှစ်ဖက်လုံးနဲ့ ဆုပ်ကိုင်ထားပြီး
ယားကြောင်း ပြောနေသည်။

Little B Where stories live. Discover now