((Zawgyi))
_____လူကြားထဲမှာ တွေ့လိုက်ရတဲ့ လွယ်အိတ်နဲ့ ကောင်လေးတစ်ယောက်
လူအများကြားမှာပေမဲ့ မျက်လုံးထဲ ထင်းခနဲပဲ
ကောင်လေးကို မြင်မြင်ချင်းပင်.. ။”ဟာ... လုံးဝ ငါ့ဖူးစာဖက်လေး
အူးဝါး ငါ့ စတိုင်လ်ကိုကိုရေ ဗြောင်လေး လာခဲ့မယ် ခဏစောင့် ”
စပ်စလူးထကာ လှစ်ခနဲ ပျောက်သွားသော လူသားယောင်ဆောင်လေး
လက်ထဲက ရေခဲမုန့်လေးကလည်း ဖုတ်ခနဲ မြေကြီးပေါ် ကျလျက်...__________L.B
”ဗြောရီမ, ငါ့ကို ကိုကို စီ ပို့ပေးစမ်းပါ ”
”မဖြစ်ဘူး ဗြောင်လေး
အဖေ သိရင် သတ်လိမ့်မယ်
အရင်လို အလည်အပတ်တောင်မဟုတ်ဘူး
အကြာကြီး သွားနေမှာ ပိုတောင်မရသေး ””ဗြောရီက ဗြောင်လေးကို မချစ်တော့ဘူးပေါ့ အူးဝါးးး ”
________L.B
”ဒီတိုင်းတော့ သွားခွင့်မပေးနိုင်ဘူး
ပုံစံ ပြောင်းမယ် ဆိုရင် ရမယ် ဗြောင်လေး ””ဘာပုံစံလဲ
ငါ့ကို ကိုကို မချစ်ရင် ဘယ်လိုလုပ်မလဲ ဗြောရီမရဲ့မဖြစ်ဘူး!!!! ”
”အဲ့ဒါဆို မသွားနဲ့လေ ဗြောင်ဘတ်ခ်ဟျွန်းရှီရဲ့ ”
________L.B
”မင်းလေးက ဘာလေးလဲ ”
လက်ဖဝါးပေါ်မှာ မတ်တပ်ရပ်နေတဲ့ ကောင်သေးလေးကို chanyeol အထူးတဆန်းပဲ ကြည့်ပြီး ပြောလိုက်မိသည်။
မျက်စိမှေးမှေးလေးနဲ့.. လူကို အစွမ်းကုန် ပြုံးပြနေတဲ့
သူ့လက်ဖဝါးထဲက လက်တစ်ဝါး သာသာ အကောင်လေးဆံပင်ပန်းရောင်လေးနဲ့
ဝတ်ထားတဲ့ ဘောင်းဘီ အကျပ်ကြောင့် တင်လုံးလုံးလေးကပါ နောက်ကို အစ်ထွက်နေလိုက်တာ”ကိုကို!!! ”
မနေနိုင် တင်ပါးလေးကို လက်ညိုးလေးနဲ့ထိုးလိုက်မိတာ စူးခနဲ အော်လိုက်တဲ့အသံလေးနောက်ဆက်တွဲ စကားကြောင့် chanyeol လက်ထဲက အကောင်ပေါက်လေးကို လွှတ်ချလိုက်မိမလိုပင် ဖြစ်သွားသည်။
ကောင်ငယ်လေး ပြောလိုက်တာက