L.B 2

4.9K 689 79
                                    

((Zawgyi))

”B လေးရဲ့ ကိုကို, ဗြောင်လေး ကိုကို

B လေး ကိုကို ဟာ အကြီးကြီးပါ ဒါ့ဒါ့ဒါ~~ ဒါ့ဒါ့ဒါ့~~ ”

မနက်ခင်းအတွက် ကိုယ်ပိုင်သံစဉ်ကို ညည်းဆိုနေတဲ့ B လေး
အခု B လေး အရေးကြီးတဲ့ တာဝန်ကို လုပ်ဆောင်နေသည်။
B လေးရဲ့ ခြေထောက်ဖြူ နုနု အိအိလေးတွေဟာ အိပ်ပျော်နေတဲ့ ကိုကို့ လည်ပင်းထက်မှာ
B လေးက လိမ်မာတဲ့သူပါ
ကိုကို့ ကို morning alarm လုပ်ပြီး နှိုးမလို့
ကိုကို့ လည်ပင်းပေါ် ရောက်နေခြင်းသာ

ကိုကို့ မျက်နှာက ဒီလို ကြည့်တော့ သိပ်ချောတာပဲ
ဟိဟိ.. B လေးအပိုင်ပဲ ဒီမျက်နှာက
ဒီနှာခေါင်းချွန်ချွန်လေးရော B လေးဟာ
ကိုကို့ နှာခေါင်းထက်က မှည့်နက်လေးကို B လေး သိပ်အသည်းယားသည်။
လက်သေးသေးလေးနဲ့ မှည့်နက်လေးကို ဖက်ခနဲ ရိုက်လိုက်တော့
ကိုကိုက တစ်ချက်တော့ အ ခနဲ အော်လာသည်။
နိုးတော့ နိုးမလာပါ.. ။

”ဆောရီး ဆောရီး ဟီး
B လေးက အသည်းယားလွန်းလို့ ရိုက်လိုက်တာပါ ကိုကို ”

လက်ဖောင်းဖောင်းလေးနှစ်ဖက်ကို လက်အုပ်ချီသဏ္ဍာန်လုပ်ပြီး ပြုံးစိစိမျက်နှာထားနဲ့ အိပ်ပျော်နေသောသူကို တောင်းပန်နေသော B လိမ္မာတုံးလေးပါ..။

ဒီနှုတ်ခမ်းဖူးဖူးကလည်း B လေး ပိုင်ဆိုင်မှုထဲ ပါသေးသည်။
အို! ကုန်ကုန် ပြောရရင် ကိုကို့ဟာ B လေးဟာပဲ
B လေးအပိုင်

ကိုကို့အရာအားလုံး B လေးပိုင်တယ် 🌚
အုဟု့ဟု့ ~~~~~

ပြောလည်းပြောရင်း chanyeol  လည်ပင်းထက် ခြေထောက်လေးတွေက တစ်ဖက်ဖက်နဲ့ ခုန်ဆွခုန်ဆွ လုပ်နေသေးသည်။

Chanyeol အိမ်မက်ထဲမှာတော့ သူ့ကို တစ်ယောက်ယောက်က လည်ပင်းညှစ်သတ်နေသလိုပင်...
လည်ပင်း အစ်နေသည်။

______ L.B

”အဟွတ် အဟွတ် ”

ခုန်ဆွနေတာ ပြင်းထန်လာတာကြောင့်
ချောင်းဆိုးရင် chanyeol နိုးလာခဲ့ပြီ.. ။

”B လေး? ”

”Oh!! ”

သူ့ကိုကို နိုးနေမှန်း စပ်စလူးပေါက်စ မသိသေးပါ

Little B Where stories live. Discover now