နေ့ခင်းနေ့လည်ရောက်နေပြီဆိုပေမဲ့ အခုထိ မထနိုင်ကျသေးတဲ့ လူတစ်ယောက်နဲ့ အကောင်ပုစိ တစ်ယောက်ပါ ရှိနေသည်။
Chanyeol ရဲ့လည်ပင်းညှပ်ရိုးချိုင့်ခွက်မှာ နေရာယူ .... ပုစွန်တုပ်ကွေး ခွေခွေလေးအိပ်နေတဲ့ B ပေါက်စက မျက်လုံးတစ်စက်မှ မဖွင့်ဘဲ ထလာသည်။
ခြေထောက်သေးသေးလေးတွေက စတင် လှုပ်ရှားလာ၏ ။
တစ်ရွေ့ရွေ့လျှောက်လာရင်းကနေ ကိုကို့ လည်ပင်းက ချွန်နေတဲ့ လည်ဇလုတ်ကို ခြေထောက်သေးသေးလေးနဲ့ အားရပါရ တက်နင်းခဲ့ပြီး Chanyeol ရဲ့ ပြောင်ချောနေတဲ့ မျက်နှာမှောက်စီမှ ခြေလှမ်းတို့က ရပ်တန့်သွားသည်။
နောက်ပြီး ငုတ်တုပ်ထိုင်ချလိုက်သော B လေးက Chanyeol ရဲ့ နှာခေါင်းချွန်ချွန်ပေါ်မှာ...
ကိုကို့ရဲ့ နှာတံကို ခွကာ ငုတ်တုပ်လေး ထိုင်အိပ်နေတဲ့ ဘီလုံးလေး...။ပန်းရောင်ဆံပင်ပုစိတို့ကလည်း ဖွာလန်ကျဲကျဲနဲ့ ထိုးထောင်နေပြီး.... ကိုကို့ရဲ့အကျွေးအမွေးကောင်းမှုကြောင့် ဖောင်းသထက်ဖောင်းလာတဲ့ ပါးမို့မို့လေးတွေကလည်း အစ်ထလို့...။ မျက်နှာကြည်ကြည်လေးမှာရှိတဲ့ ခပ်အစ်အစ်မျက်ဝန်းလေးက ပိတ်နေပြီး လျှာနီနီလေးက ထွက်ထွက်လာကာ နှုတ်ခမ်းပိစိလေးကို တသပ်သပ်လုပ်လို့နေသေး၏ ။
SleepWalking ဖြစ်နေတဲ့ B လေးက မျက်လုံးလည်း မပွင့်ဘူး.... ထိုင်လျက်နဲ့ အိပ်နေသည်။
နာရီလက်တံတို့ ခဏတာရွေ့လျားပြီးတဲ့ သကာလ...
ငုတ်တုပ်လေးကနေ လဲကျသွားပြီဖြစ်တဲ့ B လေးနှာတံပေါ်မှာခွထိုင်ရင်း ထောင်နေခဲ့တဲ့ ကိုယ်အပေါ်ပိုင်းလေးက အခုတော့ Chanyeol နဖူးပေါ်ကိုလဲကျသွားပြီ...။
ပလပ်ပလပ်အသံထွက်ရင်းနဲ့ ဘီလေးကတော့ နိုးမလာဘူး...အိပ်ကောင်းနေစဲ...။
____L.B
မသိအာရုံကနေ နှာခေါင်းကို တစ်ခုခုနဲ့ ဖိထားသလိုခံစားနေရသည်။
အသက်ရှူလည်းမဝချင်တော့သလိုပဲ...။ဖက်ခနဲ နှာခေါင်းကို ရိုက်လိုက်တဲ့လက်...။
လက်ရဲ့ဦးတည်ရာက ဘီလေးရဲ့ တင်ပါးကိတ်ကိတ်လေးဖြစ်နေတာမလို့ တင်ပါးသေးလေးက ဖက်ခနဲ အရိုက်ခံလိုက်ရသည်။
