LB 12

3K 453 33
                                    

စာလုပ်နေပေမဲ့ chanyeol အာရုံတွေက စာမှာရှိမနေ...။အကြောင်းအရင်းကတော့.....

”လစ်တဲ ဘီ ငြိမ်ငြိမ်နေစမ်း ”

ပခုံးပေါ်မှာ ရှိနေတဲ့ B လေးက ငြိမ်ငြိမ်မနေ..။
သူ့ကိုကိုရဲ့ပခုံးပေါ်မှာ တက်နေပြီး ပခုံးဟိုဘက် ဒီဘက်ကို တံတားတစ်ဆင်းသဖွယ် ခြေထောက်ပုကျိလေးတွေနဲ့ ဖြတ်ကူးတိုင်းဆော့နေသည်။

ဝိတ်တစ်ခုကို ပခုံးပေါ် ထမ်းထားရတဲ့အပြင် ငြိမ်ငြိမ်မနေတော့ ချန်းယောလ်အာရုံက စာပေါ်ရောက်ဖို့ဆိုတာ ဖြစ်နိုင်ပါတော့မလား

”ဘီပေါက် ”

”ဟီး B လေး ငြိမ်ငြိမ်နေမယ်နော် ကိုကို ”

ပြောတဲ့အတိုင်း ငြိမ်သက်သွားတဲ့ B ငယ်ဟာ chanyeol ပခုံးတစ်ဖက်ခြမ်းမှာနေရာယူလိုက်ပြီး ခြေထောက်လေးနှစ်ဖက်က ဘယ်ညာကားယားလေးခွနေကာ မေးစေ့လေးက ပခုံးပေါ် တင်ထားသည်။
သိပ်ကို လိမ္မာသွားတဲ့ B လေး
ကိုကို့စကားတစ်ခွန်းဆို တစ်ခွန်းပဲ....

ဒါပေမဲ့ အကောင်ပေါက်လေးရဲ့ လှုပ်ရှားမှုတွေဟာ ငြိမ်သွားပေမဲ့ ခြေထောက်တုပ်တုပ်ပုစိလေးနှစ်ချောင်းကတော့ ပခုံးပေါ် ဘယ်ညာ လွှဲနေပြီး
ခေါင်းလေးတစ်ခါခါနဲ့ သံစဥ်ညည်းနေသေးတဲ့ လစ်တဲဘီပါပဲ...။

”ကိုကိုစာလုပ်လို့ရအောင် ဘီလေး သီချင်းဆိုပြမယ် ”

”ကျေးဇူးတင်ပေမဲ့ ပါးစပ်လေးပိတ်ထားရင် ပိုကျေးဇူးတင်မိမယ် ထင်ပါတယ်ဗျာ ”

Chanyeol ရဲ့ ရွဲ့တဲ့တဲ့ စကားကြောင့် စပ်ဖြီးဖြီးနဲ့ ပေါက်စက ”အဟိ ကိုကိုကလည်း ” လည်းဆိုပြီး ပြောလာကာ chanyeol ပခုံးကို လက်လေးကလည်း ဖက်ခနဲ လာရိုက်သည်။

အကောင်ပေါက် အိစိစိလုပ်နေတာနဲ့ စာတော့လုပ်ရမယ် မထင်တော့ဘူး

....L.B

အခန်းထဲမှာ တဟိဟိနဲ့ ပြေးလွှားနေတဲ့ ပေါက်စကို ငြိမ်ခိုင်းမိတော့ အပေးအယူတစ်ခုလုပ်လိုက်ရသည်။ B ငယ်ရဲ့ အပေးအယူက 'ကိုကို့ ပခုံးပေါ်တင်ပေး' တဲ့
ပခုံးပေါ်တင်ပေးရင် ငြိမ်ငြိမ်နေမယ် ဆိုလို့ တင်ထားတော့လည်း လက်တောက်လောက်က အငြိမ်မနေ ရွစိထိုးနေတုန်း...။ယုံမိတဲ့ သူ့အမှားလို့ပံ ပြောရမလား..

Little B Donde viven las historias. Descúbrelo ahora