[Zawgyi]
အပြင်ဘက်မှာ မိုးရွာနေသလိုမျိုး နှင်းစက်တို့က တဖွဲဖွဲ ကျဆင်းနေသည်။Chanyeol မနက်ခင်း အိပ်ယာက နိုးလာချိန်...
မျက်လုံးတွေကို ဖွင့်ပေမဲ့ ပုံမှန်လို အခန်းထဲ ဖြာကျနေတဲ့ အလင်းရောင်ကို မြင်မနေရ
မျက်လုံးဖွင့်ဖို့ကလည်း တစ်ခုခု ဖိထားသလို မျက်ခွံပေါ် လေးလံနေ၏လက်နဲ့အသာလေး မျက်လုံးပေါ်ကို စမ်းတော့
ပထမ အမွှေးဖွာအိအိလေး
နောက် လက်ကို ဆက်ရွေ့တော့ အိအိတုန်တုန် အစိတ်အပိုင်းလေးတစ်ခုပူတင်းတုံးလေးလိုပဲ
ကိုင်လို့ကောင်းတယ် လို့ ခံစားရလို့
သူ အသာ ညှစ်ပစ်လိုက်သည်။ကိုင်ကောင်းကောင်းနဲ့မို့ လက်နဲ့ အသာ ညှစ်နေရင်းကနေ....
.
.
.ဧကန္တ....Little B????????????
ဖွင့်လို့ မရတဲ့ သူ့မျက်လုံးတွေ ပြူးသွားသယောင်
Little B တင်ပါးက သူ့မျက်နှာပေါ်မှာတဲ့လား
ဒါဆို အိကျိကျိ ခံစားချက်က...
-_-
ကိုင်ကောင်းကောင်းနဲ့ ကိုင်မိတာ B လေး တင်ပါးပေါ့
LittleB နိုးလာလို့ သူ့တင်ပါးကို chanyeol ကိုင်မှန်း သိရင်တော့ စပ်ဖြီးဖြီး မျက်နှာလေး ဖြစ်နေမယ် ထင်ပါ့
B လေးကို အသာဆွဲယူပြီး နဘေးနားက ခေါင်းအုံး အိအိပေါ် တင်ပေးလိုက်တာတောင် နိုးမသွား
အိပ်ပုတ်လေးပဲလေ ဘယ်နိုးပါ့မလဲအအေးဒဏ်ကြောင့် ကိုယ်သေးသေးလေးကို ကွေးကာ chanyeol ဘက် တင်ပါးအပ်ရင်း B ငယ် အိပ်ပျော်နေစဲ..။
ထစ်ထွက်နေတဲ့ တင်ပါးလေးက ထပ်ကိုင်ပါလို့ chanyeol ကို ဆွဲဆောင်နေသလို ခံစားနေရသည်။
”ဟုတ်ပါတယ် B လေး အေးနေမှာပဲ
ငါ အပူငွေ့ပေးသင့်တာပေါ့ ”အကြောင်းပြချက် ကြီးကြီးကို ဆုပ်ကိုင်ကာ
Chanyeol လက်တို့က အစ်ထွက်နေတဲ့ တင်ပါးပိစိ အိအိလေးစီ အပူငွေ့ပေးခြင်းသဘောနဲ့ အားရပါးရ ကိုင်ထားသည်။
အိစိစိ ပေါက်စီ လုံးလေးလို လုံးဝန်းနေတဲ့ တင်ပါးငယ်လေးကို ကိုင်ရတာ chanyeol စိတ်ထဲ သဘောတွေ ကျနေသည်။
တစ်ဆက်တည်း ဘာလို့များ အရင်က ငြင်းခဲ့လည်း ကိုယ့်ကိုကိုယ် စဉ်းစားလို့ မရခဲ့... ။
ကတောက်... ခုတော့ အချိန်တွေက သိပ်နှမြောစရာ မကောင်းပေဘူးလား