အခန်းထဲမှာ Chanyeol နဲ့ Little B တို့ နှစ်ဦး ရှိနေသည်။
ခုံမှာထိုင်နေတဲ့ ချန်းယောလ်က ကုတင်ပေါ်က ကောင်သေးလေးဘက် မျက်နှာမူထား၏ဒီဇိုင်းကာလာအနေအထားကတော့ တရားခွင်မှာရှိတဲ့ တရားခံ နဲ့ တရားလို အခြေအနေပဲ
တင်းမာနေတဲ့ B ပေါက် နဲ့ တရားခံ သူ့ကိုကို.. ။ကုတင်ပေါ်က B ပေါက်စက လက်နှစ်ဖက်ကို ခပ်တင်းတင်းပိုက်ထားပြီး တစ်ဖက်ခြမ်းက သူ့ကိုကို ရှိရာကို ကျောရော တင်ပါးရော ပေးထားသည်။><
တစ်တောင်လောက်ထော်နေတဲ့ နှုတ်ခမ်းက ရှေ့ထွက်နေကာ လုံးတစ်နေတဲ့ အကိတ်လေးကလည်း chanyeol ဘက်ကို ပစ်ထွက်နေသည်။
”စိတ်ကောက်နေတုန်းလား ”
Little B သည် သူ့ကို လွယ်အိတ်ထဲ ထိုးထည့်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကိုကို့ကို စကားမပြောတာ သုံးနာရီကြီးများတောင်ရှိပြီဖြစ်သည်။မိနစ်အားဖြင့်ဆို တစ်ရာ့ရှစ်ဆယ်မိနစ်နဲ့ စက္ကန့်အားဖြင့်ဆ်ို
သောင်းရှစ်ရာ စက္ကန့်ရှိပြီဖြစ်ကြောင်း.....”ကိုကို မှားပါတယ်
ကိုကို့ကို တကယ် မခေါ်တော့ဘူးလား ”ချော့တော့မှ ဟွန့် ခနဲ အသံပြုရင်း ခေါင်းလေးတောင် ပိုမော့သွားသေးတယ်
အရစ်ထုတ်
Chanyeol စိတ်ထဲတော့ ဒီလက်တောက်လောက်ကို အမှုန့်ကြိတ်ပစ်ချင်လာပြီ အသည်းယားလွန်းလို့ပဲခေါင်းလေးမော့သွားသလို အကိတ်လေးကလည်း ကော့ခနဲ
Chanyeol မျက်စိထဲ ထိုလုံးတစ်ကို လက်ညိုးနဲ့ တတိတိ ထိုးပြီး ကိုက်ချင်လာသည်။
ပြတဲ့သူကပြမှတော့ chanyeolလည်း ဒီ့ထက် သမာဓိမတည်နိုင်တော့ဘူးပင်ဖြစ်သည်။
အားရပါးရ ကိုက်လိုက်ရ မက်မွန်သီးကို ပျားတုပ်သလို နီရဲပြီး ယောင်ကိုင်းသွားမယ်Chanyeol သည် ခုံကနေ တိတ်တိတ်လေး ဆင်းပြီး ကုတင်နား ချည်းကပ်လာသည်။
လက်ညိုးနဲ့ လက်မကို ကွေးထားပြီး အကိတ်တုံးကို ရန်လုပ်ဖို့ ကြံနေတဲ့ Chanyeolမျက်စောင်းကြီးနဲ့ လှည့်ကြည့်လာတဲ့ Little B ကြောင့် ပစ်မှတ်အနားရောက်မှပဲ မိသွားရှာတဲ့ ချန်းယောလ်ရဲ့ လက်လေး ငြိမ်သွားရ၏