LB 11

2.6K 471 33
                                    

ရေစက်ကျသံတွေကြားနေရတဲ့ ရေချိုးခန်း

အပြင်တံခါးချပ်ကို နားနဲ့ ခွာမရအောင် ကပ္ထားတဲ့ လစ်တဲဘီက အထဲကို ချောင်းကြည့်ချင်စိတ်က မတရားပဲ...။
တစ်ချက်တစ်ချက် မျက်လုံးကလည်း ဖြဲကြည့်သေးသည်။ပိတ်ထားတဲ့ တံခါးချပ်က သူ့အမြင်အာရုံတွေကို ပိတ်ပင်ထားတာမလို့ ထိုးလိုက်ရတဲ့ မျက်စောင်းဆိုတာလည်း...။တံခါးကြီးလည်း ကျွံသွားဦးမယ်

”ကိုကို ရေချိုးနေတာ ချောင်းကြည့်ချင်ပါတယ်ဆို ”

မော့ကြည့်ပြန်တော့ တံခါးလက်ကိုင်ဘုက ဟိုးထိပ်မှာ
ပေမမှီထောင့်မမှီအရပ်လေးက ထိုလက်ကိုင်ဘုကို မှီဖို့ဆိုတာကတော့ နောင်ဆယ်ဘဝကြာသွားလိမ့်မယ် မမှီလောက်ဘူး

မကျေမနပ်နဲ့ အောက်ကြမ်းပြင်ကို ခြေထောက်နဲ့ တဖက်ဖက် ရိုက်နေသေးသည်။နောက်ပြီး သေချာပေါက် ဆုံးဖြတ်လိုက်၏

ကိုကို ရေချိုးတာကို နောက်တစ်ခါတော့ ကျိန်းသေပေါက် ချောင်းကြည့်မယ် ဆိုပြီး...။

ချန်းယောလ်ဘဝကတော့ ရေချိုးရင် သတိနဲ့ နေရတော့မှာ ကျိန်းသေပေါက်ပဲပေါ့..။

___L.B

စက်ဘီးထွက်စီးမဲ့အချိန် နှင်းစက်လေးတွေကလည်း တဖြဲဖြဲ ကျဆင်းနေပြီ

Chanyeol ခပ်ထူထူ အပေါ် အင်္ကျီတစ်ထည်ကို ကောက်ဝတ်လိုက်သည်။
အိမ်မှာပဲ အေးဆေးနေချင်ပေမဲ့ ပြောထားပြီး ကတိမတည်ရင် ကောက်တော့မဲ့ အဆိုးအဆာလေးအကြောင်း သိတာမလို့ ချန်းယောလ် အပြင်ထွက်ဖို့ပဲ တာဆူရတော့တယ်

ပန်းရောင်အမွှေးပွခြုံထည်လေးကို ကောက်စွပ်
ပေးလိုက်တော့
အင်္ကျီကားကားအောက်မှာ ပျောက်လုမတတ် ဖြစ်သွားတဲ့ အကောင်ပေါက်လေး
ကိုယ်လုံးကို တစ်ခါခါနဲ့ ခါနေလိုက်တာလေးက ခဏတာ ချစ်ဖို့ကောင်းပေမဲ့ ကြာတော့ သူတော့ မသိ ချန်းယောလ် ခေါင်းမူးလာပြီ

လည်နေတဲ့ အကောင်ပေါက်ကို ချန်းယောလ် ကောက်ချီလိုက်ပြီး ပခုံးထက် တင်လိုက်သည်။ခါပြီးဆော့ပေမဲ့ သူကိုယ်တိုင်တောင် ခေါင်းမူးသွားတဲ့ အကောင်ပေါက်က ပခုံးပေါ်ရောက်သည့်တိုင် ခေါင်းလေး တလည်လည်နဲ့ ဖြစ်နေတုန်း. ။

Little B Donde viven las historias. Descúbrelo ahora