”Happy Chirstmas!!! ”
မှန်ပြတင်းကနေတစ်ဆင့် အပြင်ကိုကြည့်ရင်း အကျယ်ကြီး အော်ဟစ်နေတဲ့ ဘီပေါက်စဟာ ခရစ်စမတ်ရောက်မှာကို တော်တော်လေး ပျော်နေပုံပေါ်၏ ။
”ကိုကိုရေ မယ်ရီ ခရစ်စမတ် ”
အစီအရီရှိနေတဲ့ သွားဖြူဖြူသေးသေးလေးတွေ ပေါ်လာတဲ့အထိ သူ့ကို အော်ပြောလာတဲ့ ကလေးလေး..
မနက်ဖြန်အတွက် ဘီလေးနဲ့လိုက်ဖက်မဲ့ သမင်ဂျိုဘီကုပ်အသေးလေးကို ကိုယ်တိုင်လုပ်နေရင်းမှ Chanyeol ပြုံးကြည့်မိသည်။
”ခရစ်စမတ်က မနက်ဖြန်မှပါ
အရမ်းတွေ ပျော်နေပြီလား ”တဆက်ဆက် ညိမ့်ပြလာတဲ့ ခေါင်းသေးသေးလုံးလုံးလေး
ထို့နောက် ပြတင်းပေါက်ဘောင်ကနေ ဘေးက စားပွဲပေါ်ကို တစ်ဆင့်ခုန်ဆင်း... ပြီးမှ အောက်ကို ခုန်ချဖို့အတွက် စားပွဲပေါ်ကနေ မျက်လုံးလေး မှေးကျဥ်းကာ အောက်ကြမ်းပြင်နဲ့ အကွာအဝေးချိန်ဆနေဟန်....။
နောက်မှ သူ့အတွက် အဆင်ပြေလောက်မယ်လို့ မှတ်ယူတဲ့ အမြင့်ဖြစ်တာကြောင့် ခေါင်းလုံးလုံးလေးကို ညိမ့်ကာ လှစ်ခနဲ ခုန်ချလာတဲ့ ပေါက်စ..။
ခုန်ချလို့ရတဲ့ အမြင့်မလို့ Chanyeol ဒီတိုင်းသာ ကြည့်နေပေးသည်။”အားယားယား!!! ”
ဘုတ်ခနဲ မြည်သံနဲ့အတူ ပြုတ်ကျလာတဲ့ အကောင်ပေါက်ဟာ ကြမ်းပြင်ပေါ်မှာ မှောက်ရက်လေး
လက်ကားယား ခြေကားယားနဲ့ ငြိမ်ငြိမ်သက်သက်လေးရှိနေသည်။ဒါမျိုးက ရိုးနေပြီ... အဆင်းကောင်းမှုကြောင့် မူးသွားတာနေမှာ...။
မှောက်ရက်လေး ခဏနေလို့ နားလိုက်ရင်
သက်သာသွားပြီး ဖလန်းဖလန်းထလာလိမ့်မယ် ။အမွှေးပွကတ္တီပါအနီရောင်ပိတ်စကို အရွယ်အစားတစ်ခုစာ ကတ်ကြေးနဲ့ ညှပ်နေတုန်းမှာပဲ ကြမ်းပြင်ပေါ်မှောက်နေတဲ့ လုံးတစ်ကလေး ခေါင်းလေးခါကာ မော့လို့လာသည်။
ဖွာခနဲဖြစ်သွားတဲ့ ခေါင်းပန်းရောင်လုံးလေး...”ဘီလေးအတွက် ခရစ်စမတ် အင်္ကျီလား ကိုကို!! ဟီးဟီးဟီး ”
တဟီးဟီးရယ်ကာ Chanyeol နား ဒယီးဒယိုင်နဲ့ ရောက်လာပြီး Chanyeol ရဲ့ ခွေထိုင်နေတဲ့ ခြေသလုံးကို လက်နှစ်ဖက်နဲ့ ဖက်တွယ်နေသည်မှာ ရှဥ့်ပေါက်လေးအလား...။
