Both of Unicode &Zawggyi
______Unicode_____ယောက္ခမ မေမေက B လေးကို အရမ်းအရမ်းကို ချစ်တာမို့
ယောက္ခမ အချစ်ကို ရသူပီပီ ပျော်မိသည်။ဟိုတစ်နေ့က B လေးအတွက်ဆိုပြီး ကိုယ်တိုင်းတိုင်းပြီးတော့ အင်္ကျီ အများကြီးတောင် ချုပ်ပေးသေးတယ်
ခု B လေးမှာ အဝတ်တွေ အများကြီးပဲ
ကိုကိုကထုတ်သာမပြောပေမဲ့ Bလေးကို သိပ်ချစ်တာ သိကြပြီမလား အဟုဟု....
ယောက္ခမကြီးကို B လေးအတွက် အကျီချုပ်ခိုင်းတာပဲ ကြည့်လေ...။အာ....!!!
B လေးရဲ့ တင်ကိတ်ကိတ်လေးကိုလည်း အသည်းယားတယ် ဆိုပြီး ယောက္ခမမေမေက ခပ်ဖွဖွလေး ရိုက်သွားသေးတယ်
အဲ့အချိန်က ကိုကို့ မျက်နှာကြီးမဲသွားတာများ B လေး သေချာကို မြင်လိုက်ရတယ်
ကိုကိုကလေ သိပ်ကိုမူတာပဲ
B လေးက ရက်ရက်ရောရော ကိုင်ခိုင်းတော့လည်း မကိုင် သူများကိုင်တော့ကျ မကြိုက်နဲ့
ဘာကြီးမှန်းကို မသိဘူး
နောက်နေ့မှ လမ်းကြုံရင် B လေးတင်ပါးကိတ်ကိတ်က ကိုကို့ဟာဆိုတာ ထပ်ပြောလိုက်ပါဦးမယ် ....မျက်နှာသုတ်ပုဝါနဲ့ မျက်နှာကို သုတ်ရင်း ထွက်လာတဲ့ ကိုကို ကို B လေး မော့ကြည့်လိုက်သည်။
သိပ်ကို ရှည်တာပဲ ကိုကိုက
အရပ်ကိုပြောတာပါနော်... မော့ကြည့်ရတာ ဇက်တောင် ညောင်းသား.....။
ကိုကို့က်ို ကြည့်နေတုန်း ဦးနှောက်သေးသေးလေးထဲ တစ်ချက်လက်သွားသည်။
"ကိုကို!!! "
စူးခနဲ ထွက်လာတဲ့ B လေးအသံက တစ်ခန်းလုံးကျယ်ကျယ်ပြန့်ပြန့်...
"ရှိနေတာလား "
လက်ထဲက တဘက်ကို ခုံပေါ် ပစ်တင်ရင်း little B နား ဝင်ထိုင်ကာ laptop ကို ဖွင့်ရင်း ပြောလာ၏ ။
နောက် ဆက်ပြောလာသေးသည်။"ရှိရင်လည်း အသံလေးပေး B
မမြင်မစမ်း တက်ထိုင်မိမှ ငါ့ဖင်အောက် ပြားနေမယ် "
