SUS Part 14

16.6K 2.1K 46
                                    

Unicode

Xiao Zhan တစ်ယောက် C Ent ကိုရောက်တော့ အပေါက်ဝမှာ သူ့ကိုစောင့်ကြိုနေတဲ့ မန်နေဂျာကိုတွေ့လိုက်ရပြီး သူ့ရဲ့ မပြီးဆုံးနိုင်ရဲ့ ရှင်းပြချက်ကြီးတွေကို နားပူတဲ့ထိ နားထောင်လိုက်ရသည်။

CEO နဲ့တွေ့ပြီး ကိစ္စတွေ အကုန်ရှင်းပြီးတော့  Xiao Zhan အချိန်ကို ကြည့်လိုက်တော့ ည ၂နာရီထိုးနေပြီဖြစ်သည်။ အခုမှ ဗိုက်ဆာသလိုလို အိပ်ချင်သလိုလိုနဲ့ လူတစ်ကိုယ်လုံး မအီမသာနဲ့ ခံစားနေရတာကြောင့် နောက်ကိုလှည့်ကြည့်တော့ လောလောလတ်လတ် အခုလေးတင်မှပြန်ခန့်ထားတဲ့ မန်နေဂျာ အသစ်စက်စက်က သူ့ကို ဂရုမစိုက်ဘဲ  CEO ကို ဖားယားနေပြန်သည်ကို တွေ့ရတော့ Xiao Zhan စိတ်လေသွားမိသည်။

လူတွေတစ်ကယ်ခက်တာပဲ။ ကိုယ့်အတွက်ပဲ ကိုယ်ကြည့်နေကျတယ်။ ဒီလို ကိုယ်ကျိုးပဲကြည့်နေတဲ့ အကျင့်မကောင်းတဲ့ မန်နေဂျာကိုရထားတဲ့ Zhan Zhan လေးက ဘယ်လောက်တောင် ဒုက္ခတွေခံစားခဲ့ရမလဲ။ နဂိုတည်းက စိတ်ပျော့လွန်းပြီး သဘောကောင်းလွန်းတဲ့ Zhan Zhan လေးက ဒီလိုကောင်ကို သူဘာလုပ်လုပ် ဘာမှမပြောဘဲ လွှတ်ထားပေးမှာ ကျိန်းသေသည်။ ဒါကြောင့်မို့လဲ ဒီလောက် ရောင့်တက်နေတာ။ ဒါပေမယ့် ကံဆိုးတာက သူက Zhan Zhan မဟုတ်သလို Zhan Zhan ကလဲ သူမဟုတ်ပေ။

မှတ်လောက်သားလောက်အောင် နှိပ်စက်ပြီးမှ အလုပ်ဖြုတ်ပစ်ရမည်။ အခုတော့ သူ့အတွက် အသုံးဝင်နေသည်မို့ အနားမှာခေါ်ထားဖို့ လိုသေးသည်။ လောလောဆယ် Point ထွက်နိုင်တဲ့သူမှန်သမျှ အနားမှာထားပြီး Point ထွက်နိုင်သမျှ ရသလောက် ညစ်ထုတ်ပြီးမှ စွန့်ပစ်လိုက်မည်လေ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ မဟုတ်လား။

" Chou ge ..... လာပါဦး ကျွန်တော် အရမ်း အိပ်ချင်နေပြီ နီးတဲ့ Hotel တစ်ခု လိုက်ပို့ပေး "

CEO အဘွားကြီးကို အတင်းတွေ ကပ်ဖားနေတဲ့ မန်နေဂျာကို မျက်စောင်းနဲ့ ကြည့်ပြီး Xiao Zhan လှမ်းအော်လိုက်သည်။

" Zhan Zhan မင်းက ဘာလို့ Hotel သွားမှာလဲ အိမ်ပြန်လို့ရသားနဲ့ "

" အိမ် ? ကျွန်တော်ပြောသလိုသာ လုပ်စမ်းပါ
သွားမယ် မြန်မြန် "

SHUT UP !! SYSTEM !! Where stories live. Discover now