SUS Part 13

17.6K 2.3K 158
                                    

Zawgyi

မနေ့ညကတည်းက အော်ဟစ်သောင်းကျန်းနေတဲ့ Zhan Ge.. ဒီနေ့မနက်အထိ စိတ်မပြေသေးနိုင်ဘူး ထင်သည်။ မနက်လင်းထဲက စကားတစ်ခွန်းမှမပြော။ စူပုတ်ပုတ်နဲ့ နေနေသည်မှာ ပြန်လာတဲ့ လမ်းတစ်လျှောက်လုံးလဲ သူနဲ့ မတူအောင်ပင် အသံတစ်သံတောင်မထွက်ဘဲ ငြိမ်သက်နေသည်မှာ ဝိဉာဉ်ထွက်သွားသလားတောင် ထင်ရသည်။

ငယ်စဉ်အချိန်တုန်းက Yibo စွဲစွဲလမ်းလမ်း ချစ်ခဲ့ဖူးသည့် ငယ်ချစ်ဦးသည် ပြန်မဆုံနိုင်တော့ဘူးထင်ထားပေမယ့် အခုတော့ သူ့မျက်စိရှေ့မှာတင် ကောင်းကောင်း ကြီးပြင်းလာခဲ့ပြီပဲ။

သိပ်တော့ မတူတော့ ပေမယ့်လို့ပေါ့။

Yibo ကိုယ့်ဘာသာ အတွေးပေါက်ရင်း ရယ် လိုက်မိတော့ အသံထွက်သွားသည်ထင်ပါတယ်။ Zhan ge ဆီက မျက်စောင်းက ဒိုင်းကနဲ သူ့ဆီ ပြေးဝင်လာသည်။

Yibo ငယ်စဉ်က သိခဲ့ဖူးသည့် Zhan ge...

လွန်ခဲ့တဲ့ ၆ လခန့်က မမျှော်လင့်ဘဲ ပြန်လည်ဆုံတွေ့ခဲ့ရသော Zhan ge....

သူ့ဆီက အကြိမ်ကြိမ် ထွက်ပြေးခဲ့ဖူးသော Zhan ge....

သူ့ကို ခါးခါးသီးသီးကို မုန်းခဲ့ဖူးသော Zhan ge.....

Yibo ရူးရူးမူးမူး ချစ်ခဲ့ရဖူးသော  Zhan ge....

Yibo သိခဲ့တဲ့ Xiao Zhan ဆိုတဲ့ လူသားဟာ

အခုသူရှေ့မှာရှိနေတဲ့ သူနဲ့ ဆန့်ကျင်ဘက်တွေလို ကွာခြားလွန်းလှသည်။

အရင်က ပြောင်းလဲသွားတဲ့ Zhan ge ကြောင့် Yibo စိတ်ထဲ တမျိုးတမည် ခံစားခဲ့ရဖူးပေမယ့် အရင်က သူသိခဲ့ဖူးသော Zhan ge သည် စာရွက်အဖြူလေးဟု ဆိုရလျှင် ယခု သူ့ရှေ့က Zhan ge သည် ကာလာစုံချယ်မှုန်းထားသော
စာရွက်ကလေးဟုဆိုရမည်။

Zhan ge ...သူချစ်ရသော ထိုလူသားသည် စိတ်ခံစားချက်တွေကို ဘယ်တော့မှ ကွယ်ဝှက်မထားတတ်။ သူသိချင်တာ လုပ်ချင်တာ ဖြစ်ချင်တာကို ရတဲ့နည်းသုံးပြီး ရဲတင်းစွာလုပ်တတ်သေးသည်။ ဘယ်အရာကိုမှလဲ ကြောက်တာမျိုး မတွေ့ရ။ သူမှန်တယ်ထင်တာ တဇွတ်ထိုးလုပ်တတ်သေးသည်။ မထင်ရင် မထင်သလို ရန်စွာတတ်ပြီး စိတ်မြန်လက်မြန်နဲ့  ဒေါသထွက်တတ်သေးသည်။ အရမ်းလဲ အပျင်းကြီးတတ်လာပြီး တချိန်လုံး ကုတင်ပေါ်ခွေနေရတာ ကြိုက်တတ်သေးသည်။

SHUT UP !! SYSTEM !! Where stories live. Discover now