Zawgyi
"ခင်ဗျား အသက်တော့ရှိသေးတယ်မဟုတ်လား..."
သူတို့နှစ်ယောက်စတွေ့ခဲ့သည်က ထိုသို့ဖြစ်သည်။ ထိုနေ့က မိုးရွာနေ၏။ လမ်းထောင့်တစ်နေရာတွင် သူ ထိုင်နေခဲ့သည်။ သူ့အဝတ်အစားများသည် စုတ်ပြတ်သတ်လို့နေ၏။ သို့သော် အသက်ရှိနေလားဟု မေးရလောက်အောင် သူ့အခြေအနေက စုတ်ပြတ်သတ်မနေ။ မျက်လုံးကိုမော့ကြည့်တော့ ထီးဖြင့် သူ့ကိုမိုးလာသည့် ကောင်ကလေး။ သူ ထိုကောင်လေး၏ မြေခွေးဆန်၍ ဆွဲဆောင်မှုရှိလှသည့် မျက်လုံးများဖြင့် ရင်ဆိုင်ခဲ့လိုက်ရသည်။
ထိုနေ့မှစပြီး သူ့ဘဝသည် ထိုကောင်လေး၏ စိတ်သဘောကျသာ လည်ပတ်ခဲ့ရ၏။
"ကျွန်တော် ပျင်းတယ်..."
"ကျွန်တော် အသဲကွဲလာတယ်..."
"ကျွန်တော်..."
"ကျွန်တော်..."
"ကိုစိုင်း... ကျွန်တော့်ကို..."
"ကိုစိုင်း ကျွန်တော်နဲ့အတူအိပ်မလား..."
ထိုကောင်လေးသည် လိမ္မာသည့်ကောင်ကလေးမဟုတ်။ အင်မတန်ဥာဏ်များပြီး လည်လွန်းလှသည့်ကောင်ကလေး ဖြစ်သည်။ အချိန်အခါကိုလိုက်၍ ဟန်များတတ်သည့်ကောင်ကလေးလည်း ဖြစ်သည်။ သို့သော် ထိုကောင်လေး၏ မျက်လုံးများသည် သူလိုချင်သည့် ဘယ်အရာကိုပဲ ရနေရနေ ကျေနပ်သွားသည်ဆိုသည့် ခံစားချက်ရှိမနေ။
တစ်စုံတစ်ခုသည် ထိုကောင်လေးအတွက် လိုအပ်နေသလို။ ဘယ်အရာကမှ ထိုကောင်လေး၏ လိုအင်ကို မဖြည့်ဆည်းပေးနိုင်သလို။ သူ ထိုကောင်လေးကို ရင်ခွင်ထဲထည့်ထားဖူးသည်။ သူ့ အနွေးဓာတ်ဖြင့် ထိုကောင်လေးဟာ ကျေနပ်နိုင်လောက်လား။ အလွန်ကိုပိုင်ဆိုင်လိုစိတ်ပြင်းထန်သည့် သူ့ အတ္တကို စွန့်ပြီး ထိုကောင်လေး၏ လိုအင်ကို သူ ဖြည့်ဆည်းပေးခဲ့သည်။ ထိုကောင်လေးရဲ့ ဟာလာဟင်းလင်းဖြစ်နေတဲ့ မျက်လုံးမှာ ကျေနပ်မှုအရိပ်အယောင်လေးများ ပေါ်လာနိုင်မလား။
"ကိုစိုင်းက ဘာလို့ ကျွန်တော့်အပေါ်ကောင်းတာလဲ?"
"မင်း ငါ့ကို ကူညီခဲ့လို့..."
"အဲ့ဒါ ကူညီခဲ့တာမဟုတ်ဘူး... အဲ့ဒါ ကိုစိုင်းကို ကျွန်တော် ပလိန်းကြီးမြူဆွယ်တာဗျ..."
YOU ARE READING
Illicit [Own Creation]
RomanceTheir relationships, their hopes, their loves everything is forbidden. Society is something troublesome. But no one can break the barrier. Same Storyline from "The little straight guy is so cute that I can't help but bent him" Story is my own imag...