A sacred Day

2.9K 331 61
                                    

Extra

လူတို့သည် ထူးဆန်းသည့် သူများဖြစ်ကြ၏။ သူတို့၏ စိတ်သည် တသမတ်တည်းရှိမနေ။ သူတို့သည် အတူတကွ နေချင်ကြသည်ဟုလဲ ဆိုသည်။ အပြစ်အနာအဆာများမြင်လျှင် ထွက်ခွာပြေးကြသည့် သူများလဲဖြစ်သည်။ လူတို့သည် စင်စစ်တွင် ပင်ပန်းဆင်းရဲခံနိုင်ရည်နည်းသည့် မျိုးနွယ်စုတစ်ခုသာလျှင် ဖြစ်သည်။ သို့သော်လဲ အံ့အားသင့်စရာကောင်းလောက်အောင်ပင် အချို့သည် ပင်ပန်းဆင်းရဲခံနိုင်ကြ၏။

အနာဂတ်ကို ကျွန်ုပ်တို့သည် မမြင်နိုင်။ ကျွန်ုပ်တို့၏ လက်ရှိရွေးချယ်မှုများသည် မှန်ကန်လားဆိုသည်ကို ကျွန်ုပ်တို့မသိ။ ကျွန်ုပ်တို့တွင် အိပ်မက်နှင့်ပန်းတိုင်များ ရှိကြသော်လဲ ထိုအိပ်မက်နှင့်ပန်းတိုင်သို့ ရောက်သည့် တစ်နေ့တွင် ပျော်နိုင်ရဲ့လား ဆိုသည်ကို ကျွန်ုပ်တို့မသိပြန်။

သို့သော်လဲ လူ ဟူသည်က လျှောက်လှမ်းရခြင်းနှင့်ပတ်သက်လျှင် အတော်လေးကို နှစ်ခြိုက်သည့် သတ္တဝါတစ်မျိုးပေ။

"ကျွန်ုပ် စိုင်းမင်းဇော်သည် ရိုးဂုဏ်ကို ကျွန်ုပ်၏ ခင်ပွန်းအဖြစ် သတ်သတ်မှတ်မှတ်ပေါင်းသင်းသွားပါမည်။ အကောင်းအဆိုး၊ နိမ့်ချိန်မြင့်ချိန်များတွင် ကျွန်ုပ်သည် သင့်အပေါ်တွင် ကောင်းမွန်ပါမည်။ ယနေ့မှစ၍ ပိုကောင်းသည့်အချိန်တွင်ဖြစ်စေ၊ ဆိုးရွားသည့်အချိန်တွင်ဖြစ်စေ၊ ချမ်းသာသည့်အချိန်၊ ဆင်းရဲသည့်အချိန်၊ နာမကျန်းဖြစ်သည့်အချိန်၊ ကျန်းမာသည့်အချိန်၊ သေခြင်းကခွဲခွာသည့်အချိန်ထိ ကျွန်ုပ် စိုင်းမင်းဇော်သည် ရိုးဂုဏ်နှင့်အတူ ရှိနေပါမည်"

ဆိတ်ငြိမ်သည့် အရပ်တစ်ခု။ လူဆယ်ယောက်သာရှိ၏။ တောအုပ်တစ်ခု၏ တောင်ကြားနေရာတစ်ခုတွင်ဖြစ်သည်။ ပြင်ညီသည့် လျှောက်လမ်းတစ်ခုတွင် ပန်းလွှာပွင့်ချပ်တို့သည် ရှိနေခဲ့၏။ ထိုပွင့်ချပ်များကိုတော့ ယောကျာ်းပျိုနှစ်ဦးသည် ဖဝါးဖြင့် နင်းထားခဲ့သည်။ သူတို့နှစ်ဦးသည် ရေအိုင်ငယ်ရှိရာသို့ မျက်နှာမူထား၏။ ရေအိုင်ငယ်၏ ဖြစ်စေသည့် တောင်ထိပ်မှ ရေများသည်လဲ တသွင်သွင်စီးကျနေလျက်ရှိသည်။ ရေတံခွန်တစ်ခုရှေ့ရှိ မင်္ဂလာဆောင်တစ်ခုဖြစ်သည်။ ထိုမင်္ဂလာဆောင်လေးသည် တိတ်ဆိတ်၏။ ဧည့်ပရိသတ်များများစားစားမရှိ။ သူတို့၏ အယုံကြည်ရဆုံးမိတ်ဆွေများ၊ အရင်းနှီးဆုံး ဒုတိယမိသားစုဝင်များသာ ရှိနေခဲ့သည်။ အတိအကျပြောရလျှင်တော့ အသိအမှတ်ပြုပေးသည့် ဘုန်းတော်ကြီးနှင့် သူတို့နှစ်ဦးအပါအဝင် ယနေ့အခမ်းအနားတွင် လူဆယ်ယောက်သာလျှင် ရှိသည်။

Illicit [Own Creation]Where stories live. Discover now