Unicode
ထွန်းအောင်ကျော်နှင့် အတူရှိရချိန်က ပေါ့ပါးသည်ဟု ဆို၍ရသည်။ ဒီကောင်ကပဲ သူနဲ့သက်တူရွယ်တူဖြစ်နေတာကြောင့်လား။ သူတို့၏ ဆက်ဆံရေးသည် ပေါ့ပါးသည်။ မိတ်ဆွေအဆင့်ဟု သူတို့ဘာသာ သတ်မှတ်ထားသော်လည်း သူတို့၏ အပြုအမူတို့က ထိုသို့မဟုတ်သည်ကို သူတို့ကောင်းကောင်းသိသည်။ သို့သော်လည်း ထွန်းအောင်ကျော်ကလည်း ထိုကိစ္စနှင့်ပတ်သက်ပြီး အရေးတယူမရှိသလို သူကလည်း အရေးတယူမရှိလှ။
"တကယ်လို့ မင်းဆိုရင် သူ့ကို ဖြတ်မှာလား?"
"ဖြတ်လိုက်တာက ဘာဖြစ်လို့လဲ? မင်း အဲ့လိုနဲ့ ဇာတ်မျောနေတာ ကြာနေပြီမဟုတ်ဘူးလား..."
ထွန်းအောင်ကျော်သည် အပြင်သွားရတာကို နှစ်သက်သည်။ သူတို့အတူ ဂိမ်းဆော့ကြသည်။ Dancing game အတူကကြသည်။ အခွင့်သင့်ရင်သင့်သလို Show ပွဲများသွားတတ်ကြသည်။
စိုင်းမင်းဇော်သည် သူ့ကို နွေးထွေးမှုလုံခြုံမှုကို ပေးတတ်သည့် သူဆိုလျှင်၊ ထွန်းအောင်ကျော်သည် သူ့ကို လွတ်လပ်မှုနှင့်တက်ကြွလန်းဆန်းမှုကို ပေးသည့်သူဖြစ်သည်။
"မင်းကလည်း အားနေဖြတ်ဖို့ကြီးပဲ..."
သူတို့ ကားမောင်းနေကြရင်းမှ ထွန်းအောင်ကျော်သည် မျက်ထောင့်ကပ်ကြည့်ကာ ပြောသည်။
"အေးလေ..."
လက်ကိုင်ကွင်းကို ကွေ့ရင်းဖြင့် ရိုးဂုဏ်သည် မျက်နှာလေးမဲ့၏။ သူ့ မျက်လုံးများသည် ဖန်သားပြင်တွင်သာ။ ထွန်းအောင်ကျော်သည် ရိုးဂုဏ်ကို မျက်လုံးထောင့်စွန်းများမှ အကဲခတ်ဖြစ်သည်။ သူ ရိုးဂုဏ်နဲ့အတူရှိရတာကို သဘောကျလာသည်။ သူငယ်ချင်းတွေက ဒီလောက်ထိတပူးပူးတတွဲတွဲရှိမနေတာကို သူသိသည်။
သူ ရိုးဂုဏ်ကို ၂၄နာရီလုံး စောင့်ကြည့်ချင်သည်။ ရိုးဂုဏ်ကို သူနဲ့သာ အတူရှိစေချင်သည်။ သူတို့တစ်ကျောင်းတည်းသာ ဖြစ်ခဲ့ရင် ရိုးဂုဏ်နဲ့သူ အချိန်အတူပိုဖြုန်းနိုင်လောက်သည်။
"မင်းက သူနဲ့လည်း သိပ်မဆက်သွယ်ဖြစ်ဘူး... မင်းကို သူကလည်း မဆက်သွယ်ဘူး မင်းတို့က အမည်ခံကြီးရှိနေတာ မဟုတ်ဘူးလား..."
ESTÁS LEYENDO
Illicit [Own Creation]
RomanceTheir relationships, their hopes, their loves everything is forbidden. Society is something troublesome. But no one can break the barrier. Same Storyline from "The little straight guy is so cute that I can't help but bent him" Story is my own imag...