အပိုင္း - ၁၅

4.7K 630 44
                                    

Unicode

"တကယ်တော့ မင်းတို့ကောင်တွေက တော်တော်မကောင်းတာပဲ..."

ရိုးဂုဏ်သည် ဖုန်းနားကြပ်ကိုထိုးထားရင်း ဂိမ်းဆော့နေရင်းမှ ထွန်းအောင်ကျော် သူ့ကို ဘလိမ်းသည်ကို နားထောင်နေရရှာသည်။ ဘာကြောင့် ထွန်းအောင်ကျော်က ထစ်ခနဲရှိ သူ့ကို အပြစ်လာတင်နေရတာလဲ? သူက ဟန်မင်းပိုင်ကို ရှင်းသန့်မောင်ကိုကြိုက်ပါကြိုက်ပါဟုလည်း ပြောခဲ့တာမဟုတ်ပါဘဲနဲ့။ သူ့စနက်ဆို၍ သူ ရှင်းသန့်မောင်ကို နမ်းလိုက်တာလေးပဲ ရှိတာပါ။ ဒါတောင် သူ အတွန်းခံလိုက်ရပါတယ်နော် အိုကေ?

"ငါပြောတာကြားလား!"

"မင်း ထစ်ခနဲရှိ ငါ့ကို လာဘလိမ်းနေမယ်ဆိုရင် ငါ ဖုန်းချလိုက်တော့မယ်... မတရားအာရုံနောက်နေပြီ..."

တစ်ဖက်မှ ဂိမ်းကလည်းဆော့ရ။ ထွန်းအောင်ကျော်ပွားသမျှကိုလည်း နားထောင်ရဖြင့် သူ့ အဖြစ်က မသက်သာလှ။

"မချနဲ့! မင်းဖုန်းချရင် ငါ ထပ်ခေါ်မှာ!"

"ငါ မင်းကို ဘလော့မှာ..."

ရိုးဂုဏ်သည် ပြတ်သားသည့် စကားတစ်ခွန်းဆိုသည်။

"မင်းက အတော့်ကိုမုန်းစရာကောင်းတဲ့ကောင်ပဲ..."

"အဲ့မုန်းစရာကောင်ကိုပဲ မင်းမှာ မဆက်သွယ်ရမနေနိုင်ဖြစ်နေတာလေ..."

ထွန်းအောင်ကျော်သည် တစ်ဖက်မှ မျက်နှာမဲ့သည်။ ဒီကောင်စုတ်ကို သူ မဆက်သွယ်ဘဲလည်းမနေနိုင်။ ဘာကြောင့်ဆက်သွယ်လည်း မေးလျှင် သူ့တွင် အဖြေတစ်ခုသာရှိသည်။

ထိုအကောင်စုတ်လေးသည် မိန်းကလေးဝတ်စုံနှင့်အကျိုးနည်းလှလွန်းသည်။ သူ အရမ်းစိတ်ဝင်စားတယ်! ရိုးဂုဏ်က ကျောင်းချိန်ပြင်ပဆိုရင် မိန်းကလေးလိုပဲ ဝတ်တာလား? သူ သိပ်ကိုစိတ်ဝင်စားတယ်! ဒါကြောင့်မို့ ရိုးဂုဏ်ကို အကြောင်းမရှိအကြောင်းရှာ သူဆက်သွယ်နေတာ!

"ဘယ်သူက မင်းကို မဆက်သွယ်ရမနေနိုင်လဲ! ငါသာ မဆက်သွယ်ရင် မင်းမှာ သူငယ်ချင်းတစ်ယောက်တောင် ရှိမှာမဟုတ်ဘူး... ဝန်ခံလိုက်စမ်းပါ ငါ တစ်ယောက်က မင်းသူငယ်ချင်းအဖြစ် ရှိနေပေးတာကို မင်းပျော်တဲ့အကြောင်း..."

Illicit [Own Creation]Where stories live. Discover now