အပိုင္း - ၉

6.2K 697 62
                                    

Unicode

Anna : May contain NSFW part

"အ! ကိုစိုင်းခဏ..."

စိုင်းမင်းဇော်ကို လက်မောင်းအားသန်ရဲ့လားဟု သူ မေးဖူးသည်။ တကယ်ပဲ ထိုသူသည် သန်မာခဲ့၏။ သူ့ကို အိမ်တံခါးမနှင့်ညှပ်ကာ ခါးထစ်ခွင်ချီထားသည့် စိုင်းမင်းဇော်၏ လက်တို့သည် မြဲမြံနေခဲ့သည်။ နမ်းခြင်းကြောင့် မေ့မြောသွားခြင်းမရှိစေရန်အတွက် သူ့နှုတ်ခမ်းကို လွှတ်ပေးချိန်တွင် ရိုးဂုဏ်အမြန်တားရတော့သည်။ မတားနိုင်ပါက ထိုအမျိုးသားက သူ့နှုတ်ခမ်းကို ထပ်၍ကြည့်နေခဲ့ပြီကိုး။

"ဒီနေရာကြီးက သက်တောင့်သက်သာ မရှိဘူး..."

ပထမဆုံးအကြိမ်ဖြစ်ရာနေရာက ဘယ်နေရာဘာညာဆိုပြီး ရိုးဂုဏ်စိတ်ထဲ သတ်မှတ်ထားခြင်းမရှိ။ သို့သော်လည်း ထိုသို့နေရသည်က သိပ်တော့မကောင်း။ သူ ဖိနပ်မှမချွတ်ရသေးပေဘဲ။

"ခဏပဲသည်းခံနေလိုက်..."

ခပ်တိုးတိုးပြောကာ စိုင်းမင်းဇော်သည် သူ့နှုတ်ခမ်းတို့ကို ထပ်မံတိုက်စစ်ဆင်လာခဲ့သည်။ ပြင်းထန်သည့် အနမ်းကြားတွင် ရိုးဂုဏ်တစ်ယောက် အရည်ပျော်တော့မလို။ ဘယ်သူ့ရဲ့နှုတ်ခမ်းကဘယ်မှာ ဘယ်သူ့ရဲ့ခံတွင်းနံ့က ဘယ်ဟာမှန်းမသိလောက်အောင်ပင် သူ ထူပူနေခဲ့ပြီ။ နှုတ်ခမ်းရှိအနမ်းသည် သူ့လည်တိုင်သို့ ရွေ့သွားချိန်တွင် တံခါးတွင်ကပ်နေသည့် ရိုးဂုဏ်၏ ခန္ဓာကိုယ်လေးသည် အပေါ်ဘက်သို့ စင်တီမီတာအနည်းငယ်ထပ်တက်သွားရ၏။ မုန်ယိုနေသည့် သတ္တဝါရိုင်းတစ်ကောင်ကလည်း သူ့ကိုဖိထားနေခဲ့ပြီ။ သူသည်လည်း သိပ်မခြားနား။ ရိုးဂုဏ်နံပတ်နှစ်ကလေးသည်လည်း ဒေါသမာန်ဟုန်ပြင်းနေသည့် သတ္တဝါနှင့် ထပ်တူထပ်မျှ ပြန်လည်မာန်ဖီနေခဲ့သည်။

"ကျွန်တော် ဖိနပ်ချွတ်ချင်တယ်... ဒီတိုင်း ခြေထောက်ကိုထားရတာ ညောင်းတယ်..."

ဆင်ခြေပေးလာသည့် သူ့အသံက မိန်းမိန်းမောမော။ လည်တိုင်ထက်ဆီ ရွေ့လျားမှုရွရွက သူ့မျက်လုံးများကို မှေးစင်းကြစေသည်။ ခပ်ဖွဖွကိုက်သည်၊ ခပ်ဖွဖွတို့သည်၊ ခပ်ဖွဖွထိသည်။ ရိုးဂုဏ်တစ်ယောက် ထိုသူကို ထိန်း၍ပင်မနိုင်တော့။

Illicit [Own Creation]Où les histoires vivent. Découvrez maintenant