အပုိင္း - ၂၀

4.3K 565 79
                                    

Unicode

ရိုးဂုဏ် ငြီးငွေ့စွာ ပြုံးပြနေဖြစ်သည်။ အတော်များများက သူ့ကိုပိုလှလာည်။ ရိုးဂုဏ်က အရင်ကထက် ပိုနွဲ့သွားသလိုပဲ အစရှိသည်တို့ကို တမင်ရည်ရွယ်၍ဖြစ်စေ မရည်ရွယ်ဘဲဖြစ်စေ ပြောနေခဲ့ကြ၏။ သူ့ကို ခြောက်နေပါပြီ၊ ယောကျာ်းလေးတွေနဲ့လည်း အိပ်နေပါတယ် ကံစမ်းလို့ရတယ်။ ပိုရယ်ရသည့် ဟာသမျိုးဆိုလျှင် သူက ယောကျာ်းပြည့်တန်ဆာ။

လူတွေက အတော်ကို စကားချဲ့ကားပြောသည့်နေရာတွင် တော်ကြသည်ဟုသာ ရိုးဂုဏ်မှတ်ချက်ချပြနေခဲ့သည်။ ခြောက်တော့ရောဘာဖြစ်လဲ? လူတကာနဲ့အိပ်ရအောင်... နင်တို့က ငါ့ဘဲလောက်စကေးကောင်းလို့လား? ငါ့ဘဲလောက်ရောရှိမှာမို့လား?

စိတ်ရှိလက်ရှိပြောလိုက်ရရင်တော့ တကယ်ကို မကောင်းတာတွေဖြစ်ကုန်တော့မည်။ ရိုးဂုဏ်က စာတော်သည့် ကျောင်းသားလေးမို့ သူတို့ကျောင်းမှ အငယ်လေးများကို မိုတီပေးရန် ကျောင်းရှိဆရာမများသည် သူ့ကို စကားပြောခိုင်းလေသည်။ ရိုးဂုဏ်မပြောချင်ပြောချင်ဖြင့်သာ တက်ပြီး စကားပြောရ၏။ ကလေးငယ်များကတော့ သူ့စာကျက်နည်းစာကျက်ဟန်များကို အတည်ပေါက်တွေ မှတ်သားနေခဲ့သည်။ ရိုးဂုဏ် သူ့ထက်နှစ်နှစ်လောက်ငယ်သည့် အငယ်တွေကို ကြည့်ပြီး ရယ်ချင်နေတော့၏။

ငါက မဟုတ်တာတွေ လျှောက်ပြောနေတာ ငါအဲ့လိုကျက်ခဲ့တယ်လို့ ယုံတယ်ပေါ့... လျှောက်ပြောနေတာ... လျှောက်ပြောနေတာ! အောင်ချင်လား? အမှတ်ကောင်းချင်လား? ဟွန့် ငါ့လိုဉာဏ်ကောင်းလေ...

စိတ်ထဲတွင်ပြောသည့်စကားတို့နှင့် အပြင်တွင်ပြောသည့် စကားတို့က ဆန့်ကျင်ဘက်ပေ။

"စာကိုအချိန်နဲ့ကျက်... ကျန်းမာရေးလည်းဂရုစိုက်၊ စာကျက်ချိန်ကြီးပဲ မဟုတ်ဘဲ တွက်စာတစ်လှည့် ကျက်စာတစ်လှည့် ပြောင်းကျက်သင့်တယ်... လူတစ်ယောက်က မိနစ်လေးဆယ်ထက် ပိုပြီး အာရုံစိုက်နိုင်တာမဟုတ်တာကြောင့် မိနစ်လေးဆယ်လောက်ကျရင် ခဏလောက် လမ်းထလျှောက်တာမျိုးလုပ်သင့်တာပေါ့... ဆယ်တန်းက ဘဝတစ်ဆစ်ချိုး ဖြစ်တာမို့ သေချာကောင်းကောင်း စာကျက်သင့်ပါတယ်..."

Illicit [Own Creation]Donde viven las historias. Descúbrelo ahora