အပိုင်း - ၃၀ (ဇာတ်သိမ်း)

12K 658 174
                                    

Unicode

"အဟဟ ငါတော့ အူနာလို့သေတော့မှာပဲ... ဘယ်လို အဲ့တော့ မင်းတို့က threesome???? အိုး... အိုး... respect ပါ ကွင်းလေး..."

ဟန်မင်းပိုင်၏ မျက်နှာကို ဖုန်းမျက်နှာပြင်မှတစ်ဆင့် ရိုးဂုဏ်မျက်စောင်းထိုးနေတော့သည်။ အဖြစ်အပျက်တို့ပြီး၍ တစ်လသည် ကြာမြင်ခဲ့ပြီ။

"မင်းရော အဲ့ဒီမှာ မင်းအဖေနဲ့အဆင်ပြေရဲ့လား..."

ရှင်းသန့်မောင်၏ လုပ်ရပ်ကြောင့် ဟန်မင်းပိုင်သည် သူ့ဖခင်နှင့်အနောက်နိုင်ငံတွင် သွားရောက်နေထိုင်ရသည့် အဖြစ်သို့ရောက်ခဲ့ရ၏။ ဟန်မင်းပိုင်သည် ပခုံးလေးတွန့်ကာ...

"အင်း အဆင်ပြေတယ်... ဒါပေမဲ့လည်း မင်းသိပါတယ်..."

"အင်း..."

"အဲ့ဒီတော့ မင်းဘာဆက်လုပ်ဖို့စဉ်းစားလဲ? နှစ်ယောက်ထဲက တစ်ယောက်ရွေး? တစ်သက်လုံးလက်တွဲ?"

ဟန်မင်းပိုင်၏ မေးခွန်းကို ရိုးဂုဏ်သည် ခုတင်ပေါ်တွင် လက်လေးထောက် မျက်နှာကို လက်ဖဝါးနှစ်ခုကြားတင်ကာ...

"အဲ့ဒါက အကောင်းဆုံးမဟုတ်ဘူးလား?"

"မင်းက အကောင်းဆုံးလို့ ထင်လို့လား? အကောင်းဆုံးဆိုတာဘာလဲ လူတွေရဲ့ စံနဲ့တိုင်းတာထားတဲ့ဟာကိုလား?"

သူ နှုတ်ခမ်းလေးစူ၏။

"ဟေ့ မင်းက ယောကျာ်းလေးပုံနဲ့လေ..."

"မင်းက မိန်းကလေးလိုဝတ်ရတာသဘောကျတယ်လေ... အဲ့ဒီတော့?"

"မင်းလိုမလွယ်ကူဘူး..."

"အင်း အဲ့ဒါဘာဆိုင်လို့လဲ... မင်းသူတို့နှစ်ယောက်လုံးကို ချစ်တာပဲမဟုတ်လား... ရှေ့လူမရှိတုန်း နောက်လူကိုချစ်တာမျိုးလည်းမဟုတ်..."

"မင်းစိတ်ထဲ အဲ့ဒါကြီးက ထူးဆန်းမနေဘူးလား?"

"ထူးဆန်းတယ်? ဘာကလဲ? ဘာက ထူးဆန်းရမှာလဲ?"

ဟန်မင်းပိုင်သည် တိုင်ပင်ရကောင်းသည့်ကောင်လေးလည်းဟုတ်သလို တိုင်ပင်ရမကောင်းသည့်ကောင်စုတ်လေးလည်းဖြစ်သည်။ ဘာလို့ဆို ဘာမဆိုလက်ခံထားမှုကြီးက သိပ်ကောင်းမနေဘူးလေ။

Illicit [Own Creation]Место, где живут истории. Откройте их для себя