အပိုင္း - ၁၄

4.8K 626 47
                                    

Unicode

"အင်း... ကျွန်တော်တို့ အပြင်မှာ ရုပ်ရှင်သွားကြည့်ကြမလား..."

နားကြပ်တပ် ဖုန်းကိုဖြေနေသလို ရိုးဂုဏ်၏ လက်တို့သည် ကွန်ပျူတာကီးဘုတ်လေးတွင် သွက်လက်စွာ ပြေးလွှားနေခဲ့သည်။ ဖုန်းပြောနေသလို သူ ဂိမ်းထဲတွင် ထွန်းအောင်ကျော်နှင့်လည်း စကားပြောနေသည်လေ။

<PM> Insane : မင်းက ဝိလွန်းတော့ ခဏခဏအသတ်ခံရတာပေါ့...

ထွန်းအောင်ကျော်၏ သူ့ ဂိမ်းဆော့သည့်စကေး နည်းမှုကိုလှောင်နေသည်ကို ရိုးဂုဏ်ပြောသည်။

<PM> Pankalay : ကိစ္စမရှိပါဘူး ငါက Healer ပဲဟာ ငါ့ကို protect မဲ့ သူတွေမှ အပုံကြီးပဲ...

<PM> Insane : မင်းက အတော်အရေထူတာပဲ! အရှက်ကိုမရှိဘူး! ယောကျာ်းဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ကာကွယ်ပါလား!

"အင်း... ဘာကားလဲ..."

တစ်ဖက်မှ စိုင်းမင်းဇော်နှင့်လည်း စကားမပျက်သလို ထွန်းအောင်ကျော်ကိုလည်း သူ အစမပျက်ခဲ့။

"ဟုတ်လား... အင်း အဲ့ဒါဆို ကျွန်တော်တို့ ဒီပိတ်ရက်တွေ့မယ်လေ..."

စိုင်းမင်းဇော်နှင့်သူ့ မတွေ့ရသည့် ရက်သည် အဒေါ်၏ Night Shift ရှိမှုမရှိမှုနှင့် အဒေါ်မှ ခရီးသွားမှုမသွားမှုပေါ်မူတည်သည်။ ရုပ်ရှင်ဒိတ်က သမားရိုးကျဒိတ်ဖြစ်မည်မို့ ရိုးဂုဏ်သိပ်တော့ စိတ်မပါသော်လည်း အင်း တစ်ခါတစ်လေ တစ်ချိန်လုံးကိုယ်လက်လှုပ်ရှားအားကစားလုပ်ကြတာထက်စာရင်တော့ အပြောင်းအလဲလေးဖြစ်တာပေါ့။

"အင်း... ကျောင်းကို?"

<PM> Pankalay : အို ကိုယ့်ကိုယ်ကို ကာကွယ်စရာလား ငါက မိန်းကလေးပဲကို... ငါ့ကာရိုက်တာကိုကြည့်မလား ငါ့ဝတ်စားဆင်ယင်မှုကိုကြည့်မလား အခုဝတ်ထားတဲ့ပုံပါ မင်းကို ပို့ပေးရဦးမလား...

<PM> Insane : ချီး!! ပါးစပ်ကို ပိတ်ထားလိုက်တော့...

<PM> Pankalay : စာရိုက်ပြောနေတာလေ... ငါတို့ဖုန်းပြောနေတာမှမဟုတ်တာ...

<PM> Insane : စာထပ်မရိုက်နဲ့တော့ကွာ!

<PM> Pankalay : အို......ကေ......

Illicit [Own Creation]Where stories live. Discover now