အပိုင္း - ၂၈

5.2K 494 32
                                    

Unicode

NSFW

"အင်း ကိုစိုင်း..."

နိုးလာချိန်တွင် သူ့နဖူးကိုလက်များဖြင့်အသာထိလာသည့် စိုင်းမင်းဇော်ကြောင့် ရိုးဂုဏ်ပြုံးဖြစ်သည်။ သူ စိုင်းမင်းဇော်၏ လက်များကိုသူ့နဖူးလေးဖြင့် တိုးဝှေ့နေ၏။

"ကိုယ် မနက်စာပြင်ထားတယ်..."

"ဒီနေ့တော့ ကျွန်တော် ထမင်းကြော်ပဲစားချင်တယ်..."

"မင်း လည်ချောင်းက အဆင်ပြေရဲ့လား..."

ချောင်းအနည်းငယ်ဟန့်ကာ သူ ခေါင်းညိတ်ပြသည်။ စိုင်းမင်းဇော်နှင့်ဆို သူ အမြဲတမ်း အသံကုန်မတတ်ဖြစ်ရသည်မဟုတ်လား။ ဒီလူက သူ့အကြိုက်ကိုအရမ်းကို သိလွန်းတယ်လေ။

"အင်း အဆင်ပြေတယ်..."

"အင်း အဲ့ဒါဆို ကိုယ်ထမင်းကြော်လိုက်မယ်... ထမင်းကချက်ပြီးသားဆိုတော့..."

"ကျွန်တော်လည်း လိုက်ခဲ့မယ်..."

"မင်းနေလို့မကောင်းသေးဘူးမဟုတ်လား..."

"ကိုစိုင်းကုန်းပိုးထားပေါ့..."

ရိုးဂုဏ်၏ အိနေမှုကို စိုင်းမင်းဇော်ရယ်သည်။ ထို့နောက် သူ့ကျောပေါ်ရိုးဂုဏ်ခိုတက်၍ရအောင် သူ ပြုပေး၏။

"သေချာဖက်ထားနော်... မင်းမပြုတ်ကျအောင်..."

"အင်းပါ ကျွန်တော် ပြုတ်ကျလည်း ကိုစိုင်းဖမ်းမှာမဟုတ်လား..."

ရိုးဂုဏ်၏စကားကြောင့် စိုင်းမင်းဇော်သည် သက်ပြင်းရှည်ရှိုက်ကာ...

"မင်းမပြုတ်ကျအောင် ကိုယ်ဖမ်းမှာ... ဒါပေမဲ့ မင်း ပြုတ်ကျနေချိန် လန့်နေတာမျိုး ကိုယ်မဖြစ်စေချင်ဘူး..."

"ကိုစိုင်းက ဘယ်လောက်ထိကျွန်တော့်ကို ချစ်နိုင်မှာလဲ..."

စိုင်းမင်းဇော်သည် မီးဖိုခန်းထဲသို့ရိုးဂုဏ်ကို ကျောပိုးလာရင်းဖြင့် သူ ခပ်တိုးတိုးဖြေသည်။

"မင်းမတွေးနိုင်လောက်တဲ့ထိ... ကိုယ့်ကိုယ်ကိုလည်း မတွေးနိုင်လောက်တဲ့ထိ..."

မီးဖိုခန်းရောက်ချိန်တွင် ရိုးဂုဏ်သည် စိုင်းမင်းဇော်ကို သူ့ကိုကျောပိုးမနေခိုင်းတော့ တစ်လျှောက်လုံးကျောပိုးရင်း အလုပ်လုပ်ရတာက လွယ်မည်မှမဟုတ်တာ။ ရစ်သည် အခက်ခဲတွေ့အောင်လုပ်သည်ဆိုလည်း တော်ရုံပဲပေါ့။ ရိုးဂုဏ်ကုလားထိုင်တစ်လုံးဖြင့် ထိုင်နေမည်ပြောတော့စိုင်းမင်းဇော်သည် သူ့အတွက် ကုလားထိုင်တစ်လုံးနှင့် အောက်ခုထိုင်စရာတစ်ခုယူလာပေးခဲ့သည်။

Illicit [Own Creation]Место, где живут истории. Откройте их для себя